တိဗက်သမိုင်းကို ပြောင်းလဲပစ်ရန် ရည်ရွယ်သည့် တရုတ်၏ နိုင်ငံရေးဆိုင်ရာရှေးဟောင်းသုတေသန သို့မဟုတ် ကျန်းကျွမ်းနိုင်ငံတော်

By ANI 
31 January 2023
တိဗက်သမိုင်းကို ပြောင်းလဲပစ်ရန် ရည်ရွယ်သည့် တရုတ်၏ နိုင်ငံရေးဆိုင်ရာရှေးဟောင်းသုတေသန သို့မဟုတ် ကျန်းကျွမ်းနိုင်ငံတော်

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် သမိုင်းကို ပြန်လည်ရေးသားခြင်းအပေါ် လွန်စွာအားထားပြီး ရှေးခေတ် ဘုရင့်နိုင်ငံတော်ကို ကျန်းကျွမ်းဒေသအဖြစ် ပြင်ဆင်သတ်မှတ်မှုသည် တိဗက်သမိုင်းကို ပြောင်းလဲပစ်ရန် ရည်ရွယ်သည်ဟု လော့ပ်ဆန်းဂူရန်းက Bitter Winter သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

တရုတ်နိုင်ငံသည် တိဗက်အနောက်ပိုင်းရှိ ကျန်းကျွမ်းဒေသနှင့်ပတ်သက်သည့် သုတေသနနှင့် တူးဖော်မှုများကို လုပ်ဆောင်လျက်ရှိသည်။
ကျန်းကျွန်းဒေသသည် ရှေးခေတ်က တည်ရှိကောင်း တည်ရှိခဲ့နိုင်သော်လည်း တရုတ်ကွန်မြူနစ်ပါတီက အဆိုပါနိုင်ငံသည် တရုတ်ဖြစ်ကြောင်း လုပ်ကြံပြောဆိုကာ တိဗက်ဆန့်ကျင်ရေးနှင့် အိန္ဒိယ ဆန့်ကျင်ရေးဝါဒဖြန့်မှုများတွင် အသုံးပြုခဲ့သည်ဟု ဂူရန်းက ပြောသည်။

တရုတ်နိုင်ငံသည် နာမည်ကြီးအွန်လိုင်းစွယ်စုံကျမ်းကို အဆက်မပြတ် ပြန်လည်ရေးသားရန်နှင့် တရုတ်ကွန်မြူနစ် ပါတီ၏ အကျိုးစီးပွားများကို ပိုမိုဆောင်ရွက်ရန် ဝါဒဖြန့်ချိရေးအဖွဲ့တစ်ခုကို တာဝန်ပေးထားသည်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျောင်းတွင် ကျောင်းတက်သော တိဗက်လူမျိုးများသည် ကျန်းကျွမ်းဆိုင်ရာ အယူအဆများနှင့် ပိုမိုထိတွေ့လာကြသည်။
တရုတ်နိုင်ငံနှင့် နိုင်ငံတကာဟောပြောပွဲများနှင့် ဆွေးနွေးပွဲများမှတစ်ဆင့် ကျန်းကျွမ်းလေ့လာရေးကို မြှင့်တင်ပေးမည့် ရန်ပုံငွေတောင့်တင်းသည့် CCP အစီအစဉ်များ ရှိကြောင်း Bitter Winter တွင် ဖော်ပြထားသည်။

“သံခေတ် (အမှန်တွင် ယင်းထက်စောသည်) ၌ ယနေ့ခေတ်အိန္ဒိယပြည်ထောင်စုနယ်မြေဖြစ်သည့် လာဒက်နှင့် ယနေ့ခေတ် နီပေါနှင့် ပါကစ္စတန်နိုင်ငံများရှိ နယ်မြေများအများစုပါဝင်သော တိဗက်အနောက်ပိုင်းတွင် ကျန်းကျွမ်း ဟုခေါ်သည့် အင်အားကြီးနိုင်ငံတစ်ခု ပေါ်ထွန်းခဲ့သည်” ဟု တိဗက်နှင့် တရုတ်နိုင်ငံရှိ စာသင်ကျောင်းများတွင် သင်ကြားပို့ချသည်။ 

ထိုနိုင်ငံတွင် အဆင့်မြင့် ယဉ်ကျေးမှုနှင့် ဘွန်ဟုအမည်ရသည့် ကိုယ်ပိုင်ဘာသာတရားရှိသည်။ ကျန်းကျွမ်း (သို့မဟုတ် ရှန်းရွှမ်း) တိပိဋက ဟုခေါ်သော ကိုယ်ပိုင်ယဉ်ကျေးမှုအကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်လည်း ရှိခဲ့ပြီး စာအုပ်အမည်သည် ဗုဒ္ဓဘာသာနှင့်ဆင်သော်လည်း ထိုဒေသသို့ ဗုဒ္ဓဘာသာမပြန့်ပွားမီကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။ ကျန်းကျွမ်းနှင့်ပတ်သက်သည့် အစောပိုင်း အယူအဆများသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ ကတည်းကရှိနေနိုင်သည်။

ဇာတ်ကြောင်းအရ ကျန်းကျွမ်းနိုင်ငံတော်သည် တိဗက်အနောက်ပိုင်းရှိ တိဗက်လူမျိုးများ၏ သိမ်းပိုက်ခြင်းမခံရမီ နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ တည်တံ့ထွန်းကားခဲ့ပြီး ခရစ်နှစ် ၇ ရာစုနှင့် ၈ ရာစုအကြားတွင် တိဗက်နှင့် ပေါင်းစည်းခြင်း ခံခဲ့ရသည်။
ကျန်းကျွမ်းနိုင်ငံတော်သည် ယဉ်ကျေးမှုများ ပေါင်းဆုံရာဖြစ်ပြီး တရုတ်ရှေးဟောင်းသုတေသနပညာရှင်များက မဖော်ထုတ်မီအထိ အဆိုပါ သမိုင်းကြောင်းကို တိဗက်နှင့် အနောက်တိုင်းသားများက လိမ်လည် ဖုံးကွယ်ထားသော်လည်း ကျန်းကျွမ်းသည် အိန္ဒိယယဉ်ကျေးမှု မဟုတ်ဘဲ တရုတ် ယဉ်ကျေးမှုဖြစ်ကြောင်း ဂူရန်းက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီသည် အစိုးရကထိန်းချုပ်ထားသော တရုတ်ဗုဒ္ဓဘာသာအသင်းတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကာ ကျန်းကျွမ်းတိပိဋက စာအုပ်ကို တရုတ်ဘာသာသို့ပြန်ဆိုရန် ပြင်ဆင်နေသည်။ ထိုဇာတ်ကြောင်းကို ခိုင်မာစေမည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို ရှာဖွေရန် အရေးပါသောသော ရင်းမြစ်များကို မြှုပ်နှံထားသည်ဟု Bitter Winter တွင် ဖော်ပြထားသည်။
ကျမ်းကျွမ်းဇာတ်ကြောင်းကို ဝါဒဖြန့်ချိရန် သင်ကြားပေးခြင်းသာ ဖြစ်သည်။ တိဗက်လူမျိုးများ၏ ဇာစ်မြစ်မှာ တရုတ်လူမျိုးများဖြစ်ကြောင်း တိဗက်လူမျိုးများအား ပြောပြပြီး

တိဗက်ကို အိန္ဒိယယဉ်ကျေးမှုမှ  ခွဲထုတ်ကာ အိန္ဒိယနိုင်ငံနှင့် တရုတ်၏ နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားရာတွင် အထောက်အကူပြုရန် ဖြစ်သည် (ဆိုလိုသည်မှာ လာဒက်ဒေသတစ်ခုလုံးသည် မူလက တရုတ်အပိုင်ဖြစ်သည်ဟု တောင်းဆိုခြင်းဖြစ်သည်) ဟု ဂူရန်းက ရေးသားထားသည်။

တရုတ်သည် နယ်ချဲ့သော ပိုင်နက်တောင်းဆိုမှုကို မြှင့်တင်ရေးအတွက် နိုင်ငံရေးဆိုင်ရာ ရှေးဟောင်း သုတေသနနှင့် အတိတ်ကို ကြိုးကိုင်ခြယ်လှယ်လျက် တိဗက်၏ကိုယ်ပိုင်လက္ခဏာများကို တရုတ်စရိုက် လက္ခဏာများအဖြစ် လုပ်ကြံဇာတ်လမ်းဆင်ရန် ကြိုးပမ်းနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly