ပါကစ္စတန် ကရာချိရွေးကောက်ပွဲတွင် မဲများ ပြန်လည်ရေတွက်ခြင်းကြောင့် ဆန္ဒပြမှုနှင့်ပဋိပက္ခများဖြစ်ပွား 

By Latestly
30 January 2023
ပါကစ္စတန် ကရာချိရွေးကောက်ပွဲတွင် မဲများ ပြန်လည်ရေတွက်ခြင်းကြောင့် ဆန္ဒပြမှုနှင့်ပဋိပက္ခများဖြစ်ပွား 

ပါကစ္စတန် ကရာချိမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော ဒေသန္တရရွေးကောက်ပွဲများ၌ မဲပြန်လည်ရေတွက်ခြင်းကို နိုင်ငံရေးပါတီများက ကန့်ကွက်သဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် ဆန္ဒပြမှုများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ရလဒ်နှောင့်နှေးမှုအတွက် ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင် (ECP) က တာဝန်ခံပြီး ပါကစ္စတန်ပြည်သူ့ပါတီ (PPP) အပါအဝင် ထင်ရှားသော နိုင်ငံရေးပါတီများက စီမံခန့်ခွဲမှုမှားယွင်းခြင်းအပေါ် စိုးရိမ်ခဲ့ကြသည်။ 
ဒေသန္တရအစိုးရရွေးကောက်ပွဲများ၏ ဒုတိယအဆင့်ကို ဇန်နဝါရီ ၂၂ တွင် ဆင်းဒ်ပြည်နယ်ရှိ ခရိုင် ၁၆ ခု၌ ကျင်းပခဲ့သည်။ 

ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်သည် ကရာချိ၏ ၂၃၆ သမဂ္ဂကော်မတီများ၏ မဲရလဒ်များကို ကြေညာရန် ၃၆ နာရီကျော် အချိန်ယူခဲ့သဖြင့် အတိုက်အခံများဖြစ်သည့် ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) နှင့် ဂျာမက်-အီ-အစ္စလာမ်မီ (JI) တို့က ပြည်နယ်အစိုးရအား အကြံအဖန်လုပ်သည်ဟု စွပ်စွဲခဲ့ကြသည်။ 

ဂျာမက်-အီ-အစ္စလာမ်မီ (JI) ပါတီမှ ဝန်ထမ်းများသည် ဇန်နဝါရီ ၁၈ ရက်က ဖက်ဒရယ်အာဒူတက္ကသိုလ် အပြင်ဘက်လမ်းတွင် ဆန္ဒပြကာ တာယာများကို မီးတင်ရှို့ပြီး လမ်းမကြီးကို ပိတ်ဆို့ခဲ့သဖြင့် ယာဉ်ကြောများ ပိတ်သွားခဲ့သည်။ 
ဂူရှန်မြို့ရှိ နယ်မြေတစ်ခုနှင့် ဆာဖူရာမြို့ရှိ တခြားနယ်မြေ ၂ ခုတွင် မဲပြန်ရေတွက်ခြင်းကြောင့်  အနိုင်ရကိုယ်စားလှယ်အမည်များ ပြောင်းလဲသွားခဲ့သည်ဟုဆိုသည်။

ဂျာမက်-အီ-အစ္စလာမ်မီ (JI) ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးက မဲပြန်လည်ရေတွက်မှုသည် မရိုးသားသော ရည်ရွယ်ချက်များဖြစ်ကြောင်း ပြောခဲ့သည်။
 အလားတူပင် ကရာချိမြို့ မာလီရ်ခရိုင် ဂူလ်ရှန်-အီ-ဟာဒီရက်ကွက်ရှိ နယ်မြေတွင် မဲပြန်ရေတွက်ခြင်းနှင့်ပတ်သက်၍ မာလီရ်ဒုတိယကော်မရှင်နာ (DC) ရုံးအပြင်ဘက်တွင် PPP နှင့် JI ဝန်ထမ်းများအကြား  ခိုက်ရန်ဖြစ်ပွားခဲ့သည်။

နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်နိုင်ငံရေးပါတီများ၏ဝန်ထမ်းများအပေါ်  ခြိမ်းခြောက်မှုများ ရှိခြင်းကြောင့် ကရာချိနှင့် ဟိုက်ဒရာဘတ်တွင် ဒေသန္တရအစိုးရရွေးကောက်ပွဲများကို ရွှေ့ဆိုင်းပေးရန် ဆင်းဒ်ပြည်နယ်အစိုးရက ရွေးကောက်ပွဲကော်မရှင်ကို ဇန်နဝါရီ ၂၁ ရက်တွင် ထပ်မံတောင်းဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly