နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၂၉ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ စစ်တပ်ထုတ်ကုန်သပိတ်မှောက်လှုပ်ရှားရန် တိုက်တွန်းပြောကြားသည်။ 

  • အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေ မှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက်ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ (၂၈.၁.၂၀၂၃) ရက်နေ့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင် - ၄၃ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ - ၂၁ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

  • ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)စခန်းမှ မူးယစ်ဆေးဝါးရောင်းချသူ ၂ ဦးနှင့်အတူ မူးယစ်ဆေး ဝါးများနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် စကခ (၁၀)လက်အောက်ခံ ခြေမြန်တပ်ရင်း (၃၆၁)၊ (၃၆၈) ၊(၃၆၉) တို့သည် အရပ်သားပြည်သူများအပေါ် ဦးတည်ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် နေအိမ်ပေါင်းထောင်ပေါင်းများစွာကို မီးရိူ့ဖျက်ဆီးမှုများအား ဆိုးဆိုးဝါးဝါးကျူး လွန်ခဲ့သည့်အတွက် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်ကျူးလွန်သည့်ရာဇဝတ်မှု နှင့် စစ်ပွဲဆိုင်ရာရာဇဝတ်မှု မြောက်ကြောင်း လူ့အခွင့်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ 

  • ရှံးနိမ့်နေပြီဖြစ်သော အာဏာသိမ်းစစ်အုပ်စု အဖွဲ့ဝင်များက ပိုမိုတိုးမြင့် ကျူးလွန်လျက်ရှိသည့် ရာဇဝတ် မှုများအား နိုင်ငံတကာတရားစီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်များအပေါ်အခြေခံ၍ အရေးယူနိုင်ရန် ကမ္ဘာတ ဝှမ်းတွင် ကြိုးပမ်းနေမှုများ တိုးပွားလာနေသည့်အပေါ် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ကြိုဆိုကြောင်း ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ အရပ် သား ၂၂ ဦးသတ်ဖြတ်ခံရပြီး အိမ်ခြေ ၃,၀၀၀ ကျော်မီးရှို့ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်သည်။ 

  • စစ်ကောင်စီတပ် ထောက်လှမ်းရေးဗိုလ်ကြီးတစ်ဦးကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးကာ သတ်ပစ်လိုက်သည်ဟု ကာကွယ်ရေးတပ်ကထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က စစ်သံရုံးနှင့် အရပ်ဖက်သံရုံးများရှေ့တွင်ကိုရီးယားရောက် မြန်မာများနှင့် ကိုရီးယားလူမျိုး အင်အား ၃၀၀ ကျော်က အကြမ်းဖက်စစ်တပ်ဆန့်ကျင်ရေးချီတက်ဆန္ဒပြခဲ့ကြသည်။ 

  • တောင်ကိုရီးယားနိုင်ငံ အူဆန်မြိုနှင့်ဒယ်ဂျွန်းမြို့များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဆုတောင်းဆန္ဒပြပွဲ ကို ဒယ်ဂူဆရာတော်ဦးဆောင်၍ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ 

  • နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားသည့် စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိခြင်း ကြောင့် သူတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်သည်။ 

  • မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် "စစ်ခွေးနိဂုံး ၂၃" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ကျရှုံးရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၂၃ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ဘုတလင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) က စစ်ဘေးရှောင် ပြည်သူ့အခြေပြု ကျောင်းသားကျောင်းသူများအတွက် စာအုပ်၊ ခဲတံနှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ဒီပဲယင်းမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၄၀၀ ကျော်ကို အတွက်ဆာ S&C အဖွဲ့ မှ အစား အသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • မြောင်မြို့နယ် ဒေသခံပြည်သူများ၊ မြောင်လူငယ်ကွန်ရက်ဦးဆောင်ကော်မတီနှင့် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် "ဖိရင်ကြွ ထိရင်ချ နိုင်ငံသစ်ကို တည်ဆောက်ကြ" စာတန်း ကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။ 

  • လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းမှ ဦးဆောင်၍ စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကန့်ကွက်ကြရန်နှင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့တွင် ပြုလုပ်မည့် လူထုတရပ်လုံး တိတ်ဆိတ်ငြိမ်သက် ခြင်း အသံတိတ်သပိတ် Silent Strike တွင် ပါဝင်ကြရန်တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦးတော် လှန် ရေး သပိတ်အင်အားစု (ကနီမြို့နယ်) မှဦးဆောင်ပြီး နယ်မြေ မငြိမ် မသက် ဖြစ်နေသည့်ကြားမှ စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်ကို အင်အား အများ အပြား ဖြင့်ပြုလုပ်ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံရသော အိမ်ထောင်စု ၁၆၄ စု အတွက် အ ရေးပေါ်လိုအပ်သော အသုံး အဆောင် စ္စည်းများကို Western Chindwin Association – WCA အဖွဲ့က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း(အထူးဒေသ) လိပ်သိုလ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း Northern Thandaung Defence Force (Special Region) တပ်ဖွဲ့ ထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Palaw -KPDF တပ်ဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်(ပျူ)ရွာမှ အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို သေနတ်သံ ပေးမြှူဆွယ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ် တပ် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် စစ် တပ်ခန့် ကျေးရွာအုပ်ချုပ်ရေး မှူး ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိ သူ တစ်ဦးကပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာတွင်တပ်စွဲ ထား သော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အလစ် အငိုက် ဝင်ရောက် တိုက် ခိုက် ခဲ့ရာ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ပြောကြားသည်။ 

  • ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အိုင်းကုန်းကျေးရွာရှိ ရာအိမ်မှူး ညီဂျော် (ခ) ထွန်း ထွန်းနိုင်ကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံး ခဲ့ ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။ 

  • အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်က အထင်ကရ နေရာတစ်ခု ဖြစ်သောTime Square တွင် အမေရိကန်စံတော်ချိန် ဇန်နဝါရီလ ၂၈ရက်နေ့ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက်နေ့ ) NYCBC က ဦးဆောင် ကာ မြန်မာ့ နွေဦး တော်လှန်ရေး လူထုတိုက်ပွဲ ၂နှစ်ပြည့်အကြို သံပုံးတီး ဆန္ဒဖော် ထုတ် ပွဲပြု လုပ်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီရှေ့တန်း စခန်းတခုသို့ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲ ယမ်းရိက္ခာ၊ လူအင်အား ဖြည့်တင်းရန်လာရောက်စဉ် ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

  • အထူးစစ်ရေးဗျူဟာနှင့် အရည်အသွေးမြင့်စွမ်းဆောင်ရည် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့ ထုတ်ပြန်သည်။ 

  • နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒုတိယအကြိမ် စစ်သုံ့ပန်းနှင့် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောသည်။ 

စစ်ကောင်စီ 

  • ရန်ကုန် အောင်မင်္ဂလာအ‌‌ဝေးပြေးကားဝန်းအပြင်ဘက်၌ တရုတ်ထုတ် လျှပ်စစ်ကား များတင်သွင်း ခွင့်ရရှိထား သည့် ကုမ္ပဏီတစ်ခုက လျှပ်စစ်ကားအားသွင်းရုံတစ်ခုကို စတင်တည်ဆောက်နေလျှက်ရှိသည်။ 

  • ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၂၀ မိုင် ၅ ဖာလုံအနီးတွင် ရှော့တိုက်ဒုံးအပါအဝင် လက်နက်များ သယ်ဆောင်လာသူနှစ်ဦး အသေစ်ခတ်ဖမ်းဆီးရမိပြီး ကားနှင့် ၁၀၇ မမ ရှော့တိုက်ဒုံးများ၊ လက်ပစ်ဗုံးများ၊ ၄၀ မမဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခံလိုက်ရကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများတွင် ရေးသားထားသည်။ 

  • လူမှုမီဒီယာ Facebook တွင် MRTV အမည် အသုံးပြုပြီး လွှင့်တင်နေသော Page အတု (၁၇)ခု စိစစ်တွေ့ရှိ ရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးဌာန ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဇန်နဝါရီ ၂၉ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီ၏ ပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ် မှုများအား နိုင်ငံတကာတရား စီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်များအပေါ်အခြေခံ၍ အရေးယူနိုင်ရန် ကမ္ဘာတ ဝှမ်းတွင် ကြိုးပမ်းနေမှုများ တဖြေးဖြေးများပြားလာသည်ကိုတွေ့ရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီမှ စစ်ကိုင်းတိုင်းအတွင်း အုပ်ချုပ်လွှမ်းမိုးနိုင်သည့် နယ်မြေတဖြေးဖြေး လျှော့နည်းလာပြီး တော်လှန်ရေးအင်အားစုများ ကျေးလက်ဒေသများကို လွှမ်းထိန်းချုပ်လာနိုင်သည်မှာ သိသာထင်ရှားလာသည်ကို သတင်းအချက်အလက် မှတ်တမ်းဓာတ်ပုံများအရသိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly