CDM ဝန်ထမ်း ၄၀,၀၀၀ နီးပါးကို ထောက်ပံ့ထားဟု NUG ဆို

By မိုးသောက် (မဇ္ဈိမ)
29 January 2023
CDM ဝန်ထမ်း ၄၀,၀၀၀ နီးပါးကို ထောက်ပံ့ထားဟု NUG ဆို

ဇန်နဝါရီလ ၂၉ ရက်

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်လာသည့် နိုင်ငံ့ဝန်ထမ်း လေးသောင်းနီးပါးကို ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာကျပ်ငွေ စုစုပေါင်း သိန်းပေါင်း ၁၂,၀၀၀ ကျော် ထောက်ပံ့ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံမှ သိရသည်။

အရေးပေါ်ကိစ္စရပ်များရှိခြင်း ၊နေထိုင်ရေး အရေးပေါ်ရှိခြင်း၊ မီးဖွားခြင်းစသည်တို့အပေါ်မူတည်ပြီး ဝန်ကြီး ဌာနအလိုက် ထောက်ပံ့ခြင်းဖြစ်ကြောင်း NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမသို့ပြော သည်။

“ရှိသမျှ CDM တွေ အကုန်လုံးကိုတော့ လုံလုံလောက်လောက် ထောက်ပံ့နိုင်ခြင်းမရှိပါဘူး”ဟုလည်း ၎င်းကဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် နိုင်ငံ့ဝန်ထမ်းယန္တရားအသီးသီးမှ ဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး CDM တွင်ပါဝင်လာသည့် နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁၈၅,၀၀၀ ခန့်ရှိနေကြောင်း NUG ထံမှ သိရ သည်။

“ဌာနအများစုက ဝန်ထမ်းတွေကတော့ CDM လုပ်ကြတယ်။ CDM မလုပ်တဲ့ ဌာနရယ်လို့ မရှိသလောက် ပါပဲ”ဟု ဦးနေဘုန်းလတ်က ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံရုံးများတွင် ရုံးမတက်ဘဲ ရုံးထွက်ခဲ့ကြသည့် ပြည်သူ့ ဝန်ထမ်း CDM များသည် လက်ရှိအချိန်ကာလ နှစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် ငွေရေးကြေးရေး အခက် အခဲများနှင့် လုံခြုံရေးပြဿနာများကို ရင်ဆိုင်နေကြရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly