ဘုတ်ပြင်းတွင် စစ်ကောင်စီခန့် အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရ

By ကိုရွှေမြိတ် (မဇ္စျိမ)
29 January 2023
ဘုတ်ပြင်းတွင် စစ်ကောင်စီခန့် အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရ

ဇန်နဝါရီလ ၂၉ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကော့ဗမာကျေးရွာအုပ်စုရှိ အေးမြသာကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဆိုသူတစ်ဦး ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးရဲမူဆိုသူဖြစ်ပြီး ၎င်းကို အေးမြသာကျေးရွာ (၈၅)မိုင်တွင် ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သွားရောက်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဦးရဲမူသည် စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်ရာတွင် ဦးဆောင်လုပ်ဆောင်နေသူတစ်ဦးဖြစ်သလို ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ တရားမဝင် လောင်းကစား ဒိုင်များခွင့်ပြုပြီး လိုင်းကြေးများ ကောက်ခံနေသူဟု နာမည်ကြီးသူတစ်ဦးဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly