နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၈ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၈ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံ ပြုလုပ်နေသည့် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာတဝှမ်းရှိ နိုင်ငံတကာတရားစီ ရင်ပိုင်ခွင့်ပြုထားသည့် တရားရုံးများ၌ တရားစွဲဆိုထားမှုကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

· CRPH - OFP ရဲ့ We Are One အဖွဲ့က မုံရွာ PDF တွေအတွက် သီးသန့်ထောက်ပို့မှုပြုလုပ်တဲ့ ကမ်ပိန်းအဖြစ် ပရောဂျက် သလ္လာဝတီ (Project Sallawaddy) ကို လုပ်ဆောင်နေပြီလို့ အသိပေး ထုတ်ပြန်သည်။

· နွေဦးတော်လှန်ရေးအတွင်း ပေးဆပ်ခဲ့သော သူရဲကောင်းများ သင်တို့၏ တာဝန်ကျေပွန်ခဲ့မှုများအတွက် အမှတ်ရနေမှာ ဖြစ်ပြီး သင်တို့၏ကျဆုံးမှုနှင့်တကွ မလွတ်လပ်သေးသော နိုင်ငံတော်အတွက် ကျွန်ုပ်တို့ အနေဖြင့် အလုပ်ဖြင့် သက်သေပြမည်ဖြစ်ကြောင်း သစ္စာပြုပါသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

· နိုင်ငံတော်အာဏာကို မတရား လုယူထားသော အကြမ်းဖက်စစ်ကောင်စီ ကြောင့် မြန်မာနိုင်ငံကိုသာမက ဒေသတွင်းနိုင်ငံများနှင့် အခြားနိုင်ငံများကိုပါ ထိခိုက်ပျက်စီးစေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံ ရေး ကောင်စီ အစည်းအဝေးတွင် သတိပေး ထုတ်ဖော် ပြောဆိုလိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာအနီးရှိ အမှတ် (၃၁၄) စစ်ကောင်စီအမြောက်တပ်ကို Hawk Revolutionary Squad (HRS) နှင့် KNLA တပ်ရင်း ၂၊ တပ်ခွဲ ၃ ပူးပေါင်းအဖွဲ့များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

· မြန်မာပြည်သူတွေလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲ ဒုက္ခများအတွက် ကုလသမဂ္ဂလူ့အခွင့်အရေး အဖွဲ့များကို ဝင်ခွင့်ပြုရမည်ဖြစ်ကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်သည်။

· တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ဒယ်ဂူးဆရာတော် ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေး သပိတ် အင်အားစုများက ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် "တရားမဝင်ရွေး ကောက်ပွဲကို ဆန့်ကျင်ကြ တိတ်ဆိတ် သပိတ်နဲ့သက်သေ" စာတန်း ကိုင်ဆောင်ကာ တော်လှန်ရေး ၂ နှစ်ပြည့်တွင် ပြုလုပ်မည့် Silent Strike ၌ ပြည်သူအားလုံး ပါဝင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် "ဖက်ဆစ် စစ်တပ်ကို အမြစ်ပြတ်ဖို့ ရွေးကောက်ပွဲကို သပိတ်မှောက်စို့" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှ ညည ရပ်ကွက် ရာအိမ်မှူး ခင်မောင် အေး ပစ်ခတ်ခံရပြီး သေဆုံးသွားပြီး အောင်စည်တော် စစ်ဆင်ရေးအဖြစ် ပစ် ခတ် တိုက်ခိုက် ခြင်းဖြစ်ကြောင်း AST-MDY မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက် ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းနေကြောင်း ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောသည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တန့်ဆည်ပင်မ သပိတ်စစ်ကြောင်းက ဦးဆောင်၍ "တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက် ကြ" စာသားပါ banner ကိုကိုင်ဆောင်၍ ဇန်နဝါရီ ၂၈ ရက်နေ့တွင် စစ်အာ ဏာ ရှင် ၏ တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ လက်မခံကြောင်း ချီတက်သပိတ်မှောက်ကြသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာရှိ စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျူစောထီး ၁၈ ဦး ဖမ်းဆီး ရရှိခဲ့ကာ ယင်းဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း Khin U Local Guerrillas Force (KUGF) တာဝန်ရှိသူတစ်ဦးကပြောသည်။

· စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီး စစ်စခန်းကို PDF မဟာမိတ် တပ်များက ယမန်နေ့ ဝင်ရောက် တိုက်ခိုက် သိမ်း ပိုက် နိုင်ခဲ့ကြောင်း PDF မဟာမိတ်တပ်ပေါင်းစု က ပြောဆိုသည်။

· မကွေးတိုင်း ဒေသခံ ပြည်သူများ၊ မြောင်လူငယ် ကွန်ရက် ဦးဆောင်ကော်မတီနှင့် မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် "ဖိရင်ကြွ ထိရင်ချ နိုင်ငံသစ်ကိုတည် ဆောက်ကြ" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇန်နဝါရီ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် KIA PDF NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။

· ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် နှစ်လအတွင်း စစ်ဘေးရှောင်ဦးရေ ၃,၀၀၀ကျော် ထပ်တိုးလာပြီး နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

· ပြည်သူများမှ အချိန်ပေးရုံဖြင့် တော်လှန်ငွေရစေနိုင်ရန် ယူကျု့ချန်နယ်မှတစ်ဆင့် ဝင်ငွေရှာဖွေသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း သန်လျင်မြို့နယ် သန်လျင်ထောက်ပို့အဖွဲ့ထံမှ သိရသည်။

· သီးလေးသီးအဖွဲ့မှ ကိုစိန်သီးနှင့် 5 Star လူရွှင်တော်အဖွဲ့မှ ကိုအောင်သော်တို့ဖန်တီးထားသည့်“ လွတ်လပ်ခါမှ အမျှဝေမယ် ” ရုပ်ရှင်ဇာတ်ကားကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ပြည်ပနိုင်ငံ များတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်နီ(ကယား)ပြည်နယ် တစ်ဝှမ်းလုံးတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်မှန် သမျှကို ပိတ်ပင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းမပြုရဟု ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

· စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တော်စီရွာအတွင်း စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများ တပ်မတော် (Shanni Nationalities Army - SNA) ၏ ပွိုင့်ကုန်းနှင့်ဂိတ်စခန်းများကို People's Defence Force - PDF ပူးပေါင်းစစ်ကြောင်းများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီ

· ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်ကောင်စီက လူစုလူဝေးမပြုရန်နှင့် ညမထွက်ရ ပုဒ်မ - ၁၄၄ အမိန့်ထုတ်ပြန်ကြေညာလိုက်ကြောင်း ဆိုသည်။

· အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော စစ်ကောင်စီဝါဒဖြန်သတင်းစာ Global News light of Myanmar သတင်းစာတွင် ၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှုနှုန်း ပိုတိုးလာကြောင်းကို ပုံဟောင်းဖြင့် တွဲ၍ ဖြန့်ဝေထားသည်။

· စစ်ကောင်စီလက်ထက် တစ်နှစ်ကျော်ကာလအတွင်းမှာ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးအနေဖြင့် ရထားလမ်းနှင့် ရထားဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲခံရမှု ၁၀၇ကြိမ်အထိရှိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေးမှ သတင်းထုတ်ပြန်ထားသည်။

· မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ အာနန္ဒာဘုရားအနီးမှာ Light Truck ယာဉ်တစ်စီးအား သတင်းရရှိချက်အရ စစ်ဆေးရှာဖွေခဲ့ရာ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။

· ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ နိုင်ငံစီးပွားရေး ပြန်လည် ဦးမော့လာပြီဖြစ်ကြောင်း အကြမ်းဖက်အာဏာလု မင်းအောင်လှိုင်က ပြောသည်။

ဇန်နဝါရီ ၂၈ ရက် သုံးသပ်ချက်

· နိုင်ငံကို စစ်တပ်ကလက်နက်အားကိုးဖြင့် အာဏာသိမ်းပြီးကတည်းက အဘက်ဘက်ချွတ်ခြုံကျနေ သော်လည်း အာဏာလုမင်းအောင်လှိုင် ကတော့ လက်ထဲကစာရွက်ကိုင်ကာ စီးပွားရေးဦးမော့လာပြီဟု ပြည်သူကိုလိမ်ညာနေတုန်းပင်ဖြစ်သည်။

· စစ်ကောင်စီက ပြည်သူလူထု ကန့်ကွက်နေသည့်ကြားမှ အတုအယောင်ရွေးကောက်ပွဲကို အတင်းအကျပ် စီစဉ်လာသလို တဖက်မှာလည်း တိုက်ပွဲများ ပိုပြင်းထန်လာပြီး စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲပြုလုပ်မည့် လဝက၊ရွေးကော်ရုံး၊ထွေအုပ်ရုံးများကို ဦးတည်တိုက်ခိုက်ခံလာရသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly