မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်ကောင်စီခန့်ရာအိမ်မှူး ပစ်သတ်ခံရ

By 007 (မဇ္စျိမ)
28 January 2023
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်ကောင်စီခန့်ရာအိမ်မှူး ပစ်သတ်ခံရ

ဇန်နဝါရီလ ၂၈ ရက်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် ဇန်နဝါရီလ ၂၇ ရက် နေ့ညက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

"ဧည့်စာရင်းတိုင်ချင်လို့ဆိုပြီး လူလေးယောက်၀င်လာတယ်၊ ရာအိမ်မှူး အိမ်ထဲကထွက်လာတော့ သေနတ်နဲ့ ပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ သင်ပန်းကုန်းရပ်ကွက်၊ အကွက်အမှတ် ညည/၄၀၊ ၅၅(အေ)လမ်းနှင့် ၁၁၇ လမ်းထောင့် မန္တလေး-လားရှိုးမီးရထားလမ်းအနီးနေထိုင်သူ စစ်ကောင်စီခန့် ရာအိမ်မှူးဦးခင်မောင်ငြိမ်း (အသက် ၆၆ နှစ်)ဆိုသူဖြစ်ပြီး၊ ၎င်းအား ဇန်နဝါရီ ၂၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တစ်ခုက နေအိမ်ထဲအထိ ၀င်ရောက်ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်းသိရ သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးခင်မောင်ငြိမ်းတွင် ဝဲနှုတ်ခမ်းအောက်မှပါးစပ်အတွင်းသို့ ဖောက်၀င် ဒဏ်ရာတစ်ချက်နှင့် ယာခါးဖောက်၀င် ဒဏ်ရာတစ်ချက်တို့ရရှိပြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်အုပ်စုသတင်းရပ်ကွက်မှသိရသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော AST-MDY အောင်စည်တော်စစ်ဆင်ရေးက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

“အုပ်ကြီးမှာ ၎င်း၏နေအိမ်ရှေ့တွင် နှုတ်ခမ်းနီဒဏ်ရာဖြင့်သေဆုံးသွားပြီး၊ ကျွန်ုပ်တို့ အောင်စည်တော် စစ်ဆင်ရေးအဖွဲ့သားများ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့သည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက် မှ အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်အတွင်းသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly