သမ္မတရှီကျင့်ဖျင်၏ လူဦးရေအကျပ်အတည်း ပြဿနာပြင်ဆင်မှုက   ရေရှည်လိုအပ်ချက်များကို မဖြေရှင်းနိုင် 

သမ္မတရှီကျင့်ဖျင်၏ လူဦးရေအကျပ်အတည်း ပြဿနာပြင်ဆင်မှုက   ရေရှည်လိုအပ်ချက်များကို မဖြေရှင်းနိုင် 

ဇန်နဝါရီလ ၂၈ ရက်

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကြိုတင်ပြင်ဆင်မှုသည် လူ့အဖွဲ့အစည်း၏ ရေရှည်လိုအပ်ချက်များကို အမီမလိုက်နိုင်သလို လာမည့်ဆယ်စုနှစ်များအတွင်း ပြိုင်ဘက်ဦးစားပေးမှုများနှင့် ပတ်သက်ပြီး ခက်ခဲသော ရွေးချယ်မှုများကိုလည်း မရှောင်ရှားနိုင်ခဲ့ကြောင်း တရုတ်လူဦးရေအကျပ်အတည်းက ပြသနေသည်ဟု ကျွမ်းကျင်သူများကို ကိုးကား၍ New York Times က ဖော်ပြလိုက်သည်။ 

တရုတ်သည် လူဦးရေအကျပ်အတည်းဆိုက်နေသည်ကို သတိပြုမိခဲ့ပြီး မူဝါဒချမှတ်သူများကလည်း အစိုးရကို သတိပေးခဲ့ပြီးဖြစ်သည်။ 

တရုတ်အစိုးရပိုင်မီဒီယာများက ဇနီးမောင်နှံများကို ကလေး ၂ ယောက် သို့မဟုတ် ၃ ယောက်ယူရန် တိုက်တွန်းထားသော်လည်း အကျပ်အတည်းကို မဖြေရှင်း နိုင်သေးပေ။ 

တရုတ်လူဦးရေသည် ၂၀၂၂ ခုနှစ်တွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျဆင်းလာသဖြင့် နိုင်ငံအတွက် ဆိုးရွားသော လူဦးရေအကျပ်အတည်းဖြစ်စေသလို နှေးကွေးနေသော စီးပွားရေးအပေါ် သိသာသော ဂယက်ရိုက်မှုများ ရှိလာနိုင်ကြောင်း တရုတ်နိုင်ငံစာရင်းအင်းဗျူရို (NBS) မှ ဇန်နဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။  

တရုတ်တွင် ၂၀၂၂ ခုနှစ်ကလူဦးရေ ၁ ဒသမ ၄၁၁ ဘီလီယံရှိခဲ့ကာ ၂၀၂၁ ခုနှစ်ကထက် လူဦးရေ ၈ သိန်းခွဲခန့် ကျဆင်းသွားခဲ့ကြောင်း တရုတ်နိုင်ငံစာရင်းအင်းဗျူရိုက ဖော်ပြခဲ့သည်။ 

ရှီလက်ထက်တွင် ရေရှည်စီးပွားရေး၊ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့်ပတ်သက်၍ လူမှုရေးဆိုင်ရာဖိအားများနှင့် လူဦးရေကျဆင်းမှုကဲ့သို့သော ပြဿနာများစွာရှိသည်။ 

ရှီသည် ခိုင်မာသောလူမှုလုံခြုံရေးကွန်ရက်တစ်ခုတည်ဆောက်ရန် ခြေလှမ်းလာပြီး ကျေးလက်ဒေသမှ လုပ်အားခသက်သာပြီး ပေါများသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် မှီခိုမှုလျှော့ချကာ အရည်အသွေးမြင့်မားသော တိုးတက်မှုအဆင့်သစ်ကို ကြေညာခဲ့ကြောင်း New York Times က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly