တရုတ်မှလုပ်ငန်းများ အလျင်စလို မထွက်ခွာရန် ဂျာမနီဘဏ္ဍာရေးဝန်ကြီး သတိပေး  

တရုတ်မှလုပ်ငန်းများ အလျင်စလို မထွက်ခွာရန် ဂျာမနီဘဏ္ဍာရေးဝန်ကြီး သတိပေး  

ဇန်နဝါရီလ ၂၈ ရက်

တရုတ်ဈေးကွက်မှ ထွက်ခွာခြင်းသည် ဂျာမနီရှိ အလုပ်အကိုင်များကို နစ်နာစေနိုင်သောကြောင့် တရုတ်အပေါ်မှီခိုမှုကို ဖြည်းဖြည်းချင်း လျှော့ချရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ခရစ္စရှန်းလင်ဒါက ဇန်နဝါရီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။ 

ဂျာမနီသည် ဆက်ဆံရေးနှင့်ပတ်သက်ပြီး ပိုမိုဆင်ခြင်သတိထားသည့် တရုတ်မဟာဗျူဟာသစ်ကို ဖော်ဆောင်နေပြီး ၂၀၁၆ ခုနှစ်ကတည်းက ထိပ်တန်းကုန်သွယ်ဖက်ဖြစ်သည့် အာရှ၏ စီးပွားရေးအင်အားကြီးနိုင်ငံ တရုတ်အပေါ် မှီခိုမှုကို လျှော့ချရန် ရည်မှန်းထားသည်။ 

" တရုတ်ဈေးကွက်ကနေ ဂျာမနီရဲ့စီးပွားရေးကို လျှော့ချလိုက်တာက ဂျာမနီမှာ အလုပ်အကိုင်အကျိုးအမြတ်တွေ ရှိလာမှာမဟုတ်ပါဘူး" ဟု လင်ဒါ၏ ပြောကြားချက်ကို ကိုးကား၍ Welt am Sonntag သတင်းစာမှ ဖော်ပြခဲ့ သည်။ 

အခြားကမ္ဘာ့ဒေသများနှင့် ဈေးကွက်များသည် လာမည့်နှစ်များနှင့် ဆယ်စုနှစ်များအတွင်း ဂျာမနီစီးပွားရေး အတွက် တဖြည်းဖြည်း အရေးပါလာမည်ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။ 

“ဒီအတွက် နိုင်ငံရေးအခြေအနေတွေ ကောင်းမွန်အောင်ပြုလုပ်ရပါမယ်” ဟု လင်ဒါက ပြောကြားခဲ့သည်။ 

တရုတ်အား ကမ္ဘာ့စိန်ခေါ်မှုများတွင် မိတ်ဖက်အဖြစ်ရှုမြင်သလို ပြိုင်ဖက်နှင့် စနစ်ကျ သောယှဉ်ပြိုင်ဘက်လည်း ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘဲဘော့က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ 

ဘဲဘော့က အိန္ဒိယ၊ ဂျပန်တို့နှင့် ဂျာမနီဆက်ဆံရေးကို အလေးပေးပြောကြားကာ  ဂျာမနီနှင့် ဥရောပကုမ္ပဏီများအတွက် ကြီးမားသော အလားအလာများရှိကြောင်း ပြောဆိုခဲ့သည်။  

ယခုအချိန်အထိ တရုတ်ကို ပိုမိုအာရုံစိုက်လာခဲ့ပြီး အိန္ဒိယ၊ ဂျပန်တို့နှင့် ဆက်ဆံရေးရှိသော်လည်း တခြားအိမ်နီး ချင်းနိုင်ငံများစွာနှင့်ဆက်ဆံမှု သိပ်မရှိခဲ့ကြောင်း ဘဲဘော့က ပြောကြားခဲ့သည်။  

ဂျာမနီနှင့် အမြင် ရည်မှန်းချက်ချင်း မတူညီသည့် နိုင်ငံတစ်ခုကို အလွန်အမင်း မှီခိုနေရသည်ကို သိရှိကြောင်းလည်း သူမက ဝန်ခံခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly