အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး သီရိလင်္ကာသို့ ရောက်ရှိ 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး သီရိလင်္ကာသို့ ရောက်ရှိ 

ဇန်နဝါရီလ ၂၈ ရက်

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သီရိလင်္ကာအား ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ကူညီပံ့ပိုးပေးရေးအပေါ် အိန္ဒိယက ထောက်ခံပြီးနောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ဇန်နဝါရီလ ၁၉ ရက်တွင် ကိုလံဘိုမြို့သို့ ရောက်ရှိခဲ့သည်။ 

အိန္ဒိယက သီရိလင်္ကာ၏ ကြွေးမြီကတိကဝတ်ပြန်လည်ပြင်ဆင်ရေးအစီအစဉ်ကို အခိုင်အမာထောက်ခံကြောင်း IMF အား ပြောကြားခဲ့သည်။ သီရိလင်္ကာသည် အနီးဆုံး အိမ်နီးချင်းအိန္ဒိယကို ဒေါ်လာ ၁ ဘီလီယံခန့် အကြွေးတင်နေသည်။  

တရုတ်သည် ကြွေးမြီပြန်လည်ပြင်ဆင်ရေးအစီအစဉ်ကို သဘောတူရန် နောက်ဆုံးကျန်ရှိသည့် အဓိကမြီရှင်အဖြစ် ရှိနေဆဲဖြစ်သည်။ 

သီရိလင်္ကာသည် ဆယ်စုနှစ် ၇ ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းမှ ပြည်သူ ၂၂  သန်း ရုန်းထွက်နိုင်ရန် မရှိမဖြစ် လိုအပ်သော ချေးငွေအတွက် IMF နှင့် နောက်ဆုံးသဘောတူညီချက်ရရှိရေး ကြွေးမြီအများဆုံး ချေးထားသည့် တရုတ်နှင့် အိန္ဒိယ၏ ထောက်ခံမှုလိုအပ်သည်။ 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာသည် သီရိလင်္ကာသို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း တတိယ အကြိမ်လာရောက်သည့် ၂ ရက်ကြာခရီးစဉ်အတွင်း ကြွေးမြီအကျပ်အတည်းဆိုက်နေသည့် အိမ်နီးချင်း သီရိလင်္ကာနှင့် ဆက်ဆံရေး ခိုင်မာစေရန်နှင့် အဓိကသဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း သီရိလင်္ကာမြောက်ပိုင်းရှိ ကျွန်း ၃ ကျွန်းတွင် ပြုလုပ်မည့် ပြန် လည်ပြည့်ဖြိုးမြဲ ဓာတ်အားပေးစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာကို ၂ နိုင်ငံ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း သီရိလင်္ကာလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရင်းမြစ် ၂ ဦးက ပြောကြားခဲ့သည်။ 

ယင်းစီမံကိန်းကို အိန္ဒိယက မရမီ တရုတ်ကုမ္ပဏီက ကနဦးရယူခဲ့မှုကြောင့် ၂၀၂၂ ခုနှစ်တွင် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် သီရိလင်္ကာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း ဆွေးနွေးမည်ဖြစ် ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သီရိလင်္ကာ ပြင်ပကြွေးမြီ၏ ၅ ပုံ ၁ ပုံနီးပါးဖြစ်သည့် ချေးငွေဒေါ်လာ ၇ ဒသမ ၄ ဘီလီယံမှာ တရုတ်ကို ဆပ်ရ မည်ဖြစ်ကြောင်း China Africa Research Initiative က တွက်ချက်ဖော်ပြခဲ့သည်။ တရုတ်သည် သီရိလင်္ကာ၏ အကြီးဆုံးမြီရှင် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly