ရဲရင့်နွေဦးကွန်ဒို ဝယ်သူများနေသဖြင့် အခန်း ၂၀၀ ကေ ျာ် ထပ်မံရောင်းချမည်

ရဲရင့်နွေဦးကွန်ဒို ဝယ်သူများနေသဖြင့် အခန်း ၂၀၀ ကေ ျာ် ထပ်မံရောင်းချမည်

ရဲရင့်နွေဦးကွန်ဒို ဝယ်သူများနေသဖြင့် အခန်း ၂၀၀ ကေ ျာ် ထပ်မံရောင်းချမည်ဖြစ် ကြောင်း The End of Dictatorship က ကြေညာသည်။

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ၁၀၆ အကြမ်းဖက် စစ်တပ်ပိုင် မြေနေရာများကို ဥပဒေနဲ့ အညီသိမ်းယူကာ ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်မည့် ရဲရင့် နွေဦးစီမံကိန်းအား ဇန်နဝါရီ ၂၁ ရက်က စတင်ရောင်းချခဲ့သည်။

အခန်းပေါင်း ၇၇၀ ပါဝင်သည့် ကွန်ဒိုခန်းများမှာ ၁၈ နာရီအတွင်း အားလုံးရောင်းချခဲ့ရပြီး ထပ်မံဝယ်ယူလိုသူများ ရှိလာသဖြင့် ပညာရှင်များနှင့် တိုင်ပင်ကာ အခန်း ၂၃၀ ကိုထပ်တိုးရောင်းချရခြင်း ဖြစ်သည်။

" EOD အဖွဲ့သားများထံသို့လည်း အားပေးထောက်ပို့ရန် အချိန်မမီလိုက်သော ပြည်သူများ၊ ထောက်ပို့ဝယ်ယူရန် ငွေယူထားပြီး အခန်းမကျန်၍ အခက်တွေ့နေကြသော EOD ကိုယ်စားလှယ်များ၏ တောင်းဆိုမှု အများအပြားကို လက်ခံရရှိခဲ့ပါတယ်။ဤသို့ အကြံပေးတောင်းဆိုမှုများအတွက် EOD၏ အကြံပေးပညာရှင်များနှင့် တိုင်ပင်လျက် Spring Valour Condominium အခန်းအရေအတွက်ကို နောက်ဆုံး(နောက်ဆုံး) ထပ်တိုးအခန်း ၂၃၀ အား ထပ်ဆောင်း ရောင်းချပေးသွားပါမယ်" ဟု EOD က ကြေညာသည်။

ထပ်တိုးရောင်းချမည့်အခန်းများကို မြန်မာစံ တော်ချိန် ဇန်နဝါရီ ၂၈ ရက် ည ၉ နာရီတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အရစ်ကျ စနစ်ဖြင့် ငွေပေးသွင်းပါက နောက်ဆုံး ပေးသွင်းရမည့်ရက်မှာ ဧပြီ ၂၀ ရက်ဖြစ်သည်။

ကနဦးရောင်းချခဲ့သည့် ကွန်ဒိုအခန်း ၇၇၀ မှ ကြိုတင်ပေးငွေ ဒေါ်လာ 10 ဒသမ 35 သန်းကို ၁၈ နာရီအတွင်း ရရှိခဲ့သည်။

ရဲရင့်နွေဦး စီမံကိန်းအတွက် လွန်ခဲ့သည့် သုံးလကျော်ကတည်းက ပြင်ဆင်ခဲ့ရပြီး အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှုများ၊ တော်လှန်ရေးအလွန်ကာလတွင် ပြင်ဆင်ရမည့်အခြေအနေများကို အကြိမ်ကြိမ် လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required