နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၇ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၇ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်အားလုံးတွင် တော်လှန်ရေးအဖွဲ့အားလုံးမှ တိုက်စစ်ဆင် ဆောင်ရွက်နေပြီးမြေပြင် အုပ်ချုပ်ရေးဖော်ဆောင်မှုက အရေးကြီးပြီးအချင်းချင်းချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း အုပ်ချုပ်ရေးဖော်ဆောင်ရာတွင်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ် ရေးအစရှိသည်များတွင်အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ် ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက ပြောသည်။

· ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၃ နာရီအချိန်၌ ဗီဒီယို ကွန်ဖရင့်ကနေ တစ်ဆင့် ပြုလုပ်ခဲ့ကြသည်။

· ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်၊ စစ်ဥပဒေဌာနခွဲက တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီမှာ ဗီဒီယို ကွန်ဖရင့်က တစ်ဆင့် ပြုလုပ်ခဲ့ကြသည်။

· အစိုးရအနေဖြင့် ရရှိပြီးသား ထိန်းချုပ်နယ်မြေများကို ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။

· မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂက R2P အခြေခံမူသဘောတရားကို စွဲကိုင်ပြီး အရေးယူရတော့မည့် အချိန်ရောက်ပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။

· ဂျာမန် အထက်လွှတ်တာ် ဥက္ကဋ္ဌ Sgd. Bodo Ramelow နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Sgd. Bärbel Bas တို့က မြန်မာပြည်သူများ၏ ကြံ့ခိုင်မှုများကြောင့် တရားဥပဒေစိုးမိုးမှုနှင့် လွတ်လပ်မှုတို့ အမြန်ဆုံး ပြန်လည်ရရှိပါ စေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သို့ ပေးပို့စာ တစ်စောင်ပေးပို့ခဲ့သည်။

· ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ဖို့အတွက် စာသင်ကျောင်း(၆၀၀)ကျော်တွင် ဗုံးခို ကျင်းတွေတူးထားကြောင်း NUG၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သိရသည်။

· အိန္ဒိယနိုင်ငံ၏ (၇၄) နှစ်မြောက် အမျိုးသားနေ့အခမ်းအနားတွင် အိန္ဒိယပြည်သူများနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ကောင်းမြတ်သော နေ့ထူးနေ့မြတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်သည်ဟု အမျိုးသားညီ ညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ သဝဏ်လွှာပေးပို့ခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတံတားရှိ နှာပေါက်ဂိတ်တွင် Mandalay UG Wolf ARMY အဖွဲ့က လူငယ် ၁ ဦး ကျည်ဆံများဖြင့် ဖမ်းဆီးခံရကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ လဝက၊ ကြံ့ဖွတ်နှင့် ရွေးကော် ရုံးတို့ကို မီးရှို့ ရှင်းလင်းပြီး မြို့နယ် အုပ်ချုပ်ရေးရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

· ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ပအဖ ပကဖများနှင့် ပညာရေး မိသားစုများသည် ပြည်သူလူထုနှင့်အတူ အာဏာ သိမ်း စစ်ကောင်စီ အကြမ်းဖက်အုပ်စု၏ ဟန်ပြ /အတုအယောင် ရွေးကောက်ပွဲကို လက်မခံ ကြောင်း ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး NUG အစိုးရအားထောက်ခံကြိုဆိုကြောင်း ၊ဖက်ဒရယ် ဒီမိုက ရေစီရရှိရေးနှင့် စစ်ကောင်စီ ရွေးကောက်ပွဲ အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။

· စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာသို့ ၁၀ ဘီးကားဖြင့် ခိုးကြောင် ခိုးဝှက်လာသော စစ်ကြောင်း မိုင်းထိပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ ကားနှင့်ကျည်ဆန်အချို့၊ စစ်အသုံးအဆောင်များ သိမ်းဆည်း ရမိခဲ့ကြောင်း Mother hero Local PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်း ညောင်လှကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် တတိယအကြိမ် မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

· စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်တွင် လူငယ်သုံးဦးအား စစ်တပ်ဂိတ်မှ စစ်ဆေးသတ်ဖြတ်ပြီး အလောင်းပြန် မရကြောင်း ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (KSDF)က ဇန်နဝါရီလ ၂၄ရက်နေ့တွင် ထုတ်ပြန် သည်။

· စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်း နယ်မြေတစ်လျောက် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီ တပ်ကို တိုက်ခိုက်ဖို့ သွားရာလမ်းပေါ်တွင် နောက်ထပ်စစ်ကြောင်းတစ်ခုနဲ့ တိုးပြီး ထိပ်တိုက် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း Shadow သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် အစော ထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၀ ဦး သေဆုံးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် ရိက္ခာပစ္စည်းများ သယ်ယူ ပို့ဆောင် ပေးနေသော ရွှေပုလဲသီ ခရီးသည်တင်ကားကို PDF တပ်ဖွဲ့က ပစ်ခတ် သတိပေးလိုက်ပြီး ခရီး

သည် များကို ဘေးကင်းစေရန် ဆင်းခိုင်းပြီးမှ ကားကို ပစ်ခတ်ခြင်းဖြစ်ကာ စိတ် အနှောင့် အယှက်ဖြစ်ရမှု များ အတွက် ခရီးသွားပြည်သူများကို တောင်းပန်ကြောင်း ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ PRDF က သတင်းထုတ်ပြန်သည်။

· မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ လဝကရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ ရာ ရုံးစောင့် ရဲနှင့် ပျူစော ထီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း Pakokku Underground Force ထံမှ သိရသည်။

· အကြမ်းဖက်စစ်တပ်မှ ပြည်သူ့အာဏာလုယူထားသည့် နှစ်နှစ်ပြည့်သည့်နေ့တွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အသံတိတ်သပိတ်(silent strike) ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်လူငယ် ကောင်စီက ကြေညာထားသည်။

· မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နှင့် ချမ်းအေးသာဇံမြို့နယ်တို့တွင် ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့က မြနန္ဒာစစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု မြနန္ဒာစစ်ဆင်ရေး ပြန်ကြား ရေးမှပြောသည်။

· မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့သည် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် ဆေးခန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

· မကွေးတိုင်း၊ ဆိပ်ဖြူမြို့ပေါ် ရှိ ပညာရေးမှူးရုံး နှင့် EPC ရုံးတွေကို သတိပေးသည့်အနေဖြင့် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Oak Awe UG Group အဖွဲ့က ကိုဥဩက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီး တပ်ခန်း ၃ ခုအထိ သိမ်းပိုက်ထား နိုင်ကြောင်း သိရသည်။

· မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army- M.L.A မှ အပတ်စဉ် (၂) အတွက် သင်တန်း သားများ ခေါ်ယူလျက်ရှိကြောင်း M.L.A ၏ ဘဏ္ဍာရေးဥက္ကဋ္ဌနှင့် ပြန်ကြားရေးတာဝန်ခံ မအေးရွှေ ကမဇ္ဈိမသို့ပြောသည်။

· ကရင်နီပြည်နယ်အတွင်းရှိ ဖရူဆို-နန်းဖဲ- ဘော်လခဲနှင့် ထီးပေါ်ဆို လမ်းမကြီးများ အား ယနေ့ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး ရက်အကန့် အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း KNDF တပ်ရင်း (၁၅) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

· ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက The Guardian သတင်းစာကြီးက ဖော်ပြခဲ့သည့် မြန်မာနိုင်ငံ အကြောင်း ဆောင်းပါးနှစ်ခုပေါ်တွင် စစ်ကောင်စီလက်အောက်ခံ လန်ဒန်မြို့ရှိ မြန်မာသံရုံးမှ ကန့်ကွက် သည့်အနေဖြင့် အယ်ဒီတာထံပေးစာ ပေးပို့ခဲ့ရာတွင် လက်မခံခဲ့ကြောင်း စစ်ကောင်စီက ဒီကနေ့သတင်း စာတွင် ဝန်ခံရေးသားထားသည်။

· မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာရှိ နေအိမ်၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရသော ကိုအောင်ချမ်းအေးအား စစ်ကောင်စီမှ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

· ရွှေဆိုင်ဖွင့်လှစ်ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ သတ္တု၊ ရွှေ လိုင်စင် မဖြစ်မနေလျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအ သင်း (YGEA)မှ သိရသည်။

· အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ပါမောက္ခ မစ္စတာ ရှောင်တာနယ်အား လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ရုတ်သိမ်းပြီး တရားရင်ဆိုင်ရန် စစ်ကောင်စီမှ ဆင့်ခေါ်သည်။

· အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် များစွာပိုမိုကျယ်ဝန်းပြီး အကြီးစား အဂတိလိုက် စားမှုများသည် နိုင်ငံရေးဩဇာအာဏာရှိသူများနှင့် လုပ်ပိုင်ခွင့်ရှိ သူ အရာရှိကြီးများတွင် ဖြစ်လေ့ဖြစ် ထရှိကြော င်း စစ်ကောင်စီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောသည်။

· နိုင်ငံတဝန်း အေးချမ်းသာယာပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ဘုန်းကြီး ကျောင်းနှင့်ဓမ္မာရုံများတွင် စစ်သား၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် နေကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

· စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSSတို့ ၃ ရက်တာဆွေးနွေးပြီးနောက် သဘောတူညီချက် အချို့ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

· စစ်ကောင်စီမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး ဥပဒေပြဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း(၆၀)အတွင်း ရွေး/ကော်ထံ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသော နိုင်ငံရေးပါတီများအနေဖြင့်အလို အလျောက်နိုင်ငံရေးပါတီအဖြစ်မှ ပျက်ပြယ်မှာဖြစ်ကြောင်း ထုတ်ပြန် ချက်မှာ ရေးသားထားသည်။

ဇန်နဝါရီ ၂၇ ရက် သုံးသပ်ချက်

· အကြမ်းဖက်စစ်တပ်သည် တစ်နိုင်ငံလုံးလူသတ်မီးရှို့ကာ ဒုစရိုက်မှုများပြုလုပ်နေသော်လည်း ၎င်းတို့ပြုမူ သည့် ဒုစရိုက်အပြုမူများ တဖန်ပြန်ခံရမှာကြောက်ရွံ့နေခြင်းကြောင့် လည်းကောင်း၊

တော်လှန်ရေး အင်အားစုများ၏ ခုခံစစ်ပြင်းထန်လာပြီး အကြမ်းဖက်စစ်သားများ အသေများနေသည့် အတွက် ဘာသာ ရေးကို ခုတုံးလုပ်ကာ ဝါဒဖြန့်လှည့်စားနေခြင်းဖြစ်သည်။

· စစ်ကိုင်း၊ကရင်၊မကွေး၊ကရင်နီ၊ချင်းပြည်နယ်တို့တွင် ခုခံတော်လှန်စစ်အားကောင်းနေပြီး စစ်ကောင်စီ ဒေါက်တိုင်ရဲစခန်းများ၊ရုံးများကို နေ့စဉ်တိုက်ခိုက်မှုများဆောင်ရွက်လာနေကို ကြည့်ခြင်းဖြင့် ယင်းသို့ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly