တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဆိုပြီး RCSS က စစ်ကောင်စီ နှင့် တွေ့ဆုံးဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်များရေးထိုး

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဆိုပြီး RCSS က စစ်ကောင်စီ နှင့် တွေ့ဆုံးဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်များရေးထိုး

သျှမ်းပြည်တွင်း ငြိမ်းချမ်းရေးတွင် သာမက တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ စစ်ကောင်စီ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ဇန်နဝါရီ ၂၄ မနက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ဇန်နဝါရီ ၂၄ ရက်တွင် စစ်ကောင်စီဘက်မှ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒု - ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့်အဖွဲ့ နှင့် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့သည် ခေါင်းစဉ် ၃ ခုဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ နှင့် (RCSS/SSA)  တို့၏ တတိယနေ့တွေ့ဆုံဆွေး နွေးပွဲတွင် ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားတူညီပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြု လက်မှတ်များရေးထိုး၍ လဲလှယ်ခဲ့ကြသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးထိပ်ထားကာ တစ်ဦးတစ်ယောက်ကောင်းစားရေးနှင့် မိမိအဖွဲ့အစည်းကောင်းစားရေး စိတ်ဓာတ်ကို ဖယ်ကျဉ်ထားရန် လိုအပ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားလိုက်သည်။ 

အဆိုပါ တွေ့ဆုံမှု အစနေ့တွင်လည်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က NCA ထိုးထားသည့် ကာလအတွင်း ငြိမ်းချမ်းရေးအပါအဝင် တိုင်းပြည်တိုးတက်ရေးအတွက် တစ်စုံတရာ ရလဒ်ထွက်ခြင်း မရှိခဲ့သည့်အပေါ်  NCA  လက်မှတ်ထိုးခဲ့သည့် အချိန် (၇) နှစ်ကို နှမြောကြောင်း ပြောကြားခဲ့သေးသည်။ 

ယခုတစ်ကြိမ် ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့် RCSS အနေဖြင့် ရှမ်းပြည်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ (၃၃)ချက်ကို ဆွေးနွေးခဲ့ပြီး ယင်းသို့ ဆွေးနွေးနိုင်ခဲ့ခြင်းမှာ ရှမ်းပြည်နယ် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အစပျိုးပေးလိုက်ခြင်းဖြစ်ကြောင်း ယနေ့ အပိတ်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထည့်သွင်းပြောကြားခဲ့ကြောင်း RCSS နှင့် နီးစပ်သူများထံမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly