စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ သွားရာလမ်းပေါ်တွင် နောက်ထပ်စစ်ကြောင်းနဲ့ တိုး၍ ထိပ်တိုက် တိုက်ပွဲဖြစ်ပွား

By မောင်ခက်နွေ
27 January 2023
စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ သွားရာလမ်းပေါ်တွင် နောက်ထပ်စစ်ကြောင်းနဲ့ တိုး၍ ထိပ်တိုက် တိုက်ပွဲဖြစ်ပွား

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်း နယ်မြေတစ်လျောက် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ သွားရာလမ်းပေါ်တွင် နောက်ထပ်စစ်ကြောင်းတစ်ခုနဲ့ တိုးပြီး ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Shadow သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် အစော ထံမှ သိရသည်။

လက်နက်ကြီးပစ်ကူပေးရန် သွားရောက်ရာလမ်းခုလတ်တွင် စစ်ကောင်စီ စစ်ကြောင်းနှင့်တိုးပြီး တိုက်ပွဲ ဖြစ်ပွားရာ တိုက်ပွဲသုံး ကားတစ်စီးနှင့် ၈၀မမ လက်လုပ်စိန်ပြောင်း လေးပြောင်းနှင့် ၈၀မမ ကျည် ၂၅ လုံး သိမ်းဆည်းမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Shadowထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် အစောက ပြောသည်။

ဇန်နဝါရီ ၂၅ ရက်နေ့က ယင်းမာပင်မြို့နယ်အရှေ့ခြမ်း နယ်မြေတစ်လျောက် စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ဇန်နဝါရီလ ၂၆ ရက်နေ့က မဟာမိတ် တပ်ဖွဲ့တွေနဲ့ သွားရောက်ခဲ့တာလို့ ဆိုသည်။

မြရိပ်ရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေ ရှိနေတာနေရာကို တိုက်ခိုက်ဖို့ သွားရာလမ်းပေါ်ရှိ ထိုရွာနား မရောက်ခင် အနီးဒေသမှာ နောက်ထပ်စစ်ကြောင်းတစ်ခုနဲ့ တိုးပြီး ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆက်လက်ရှင်းပြသည်။

"အကြီးပစ်ဖို့သွားတာ လမ်းမှာမထင်မှတ်ဘဲ တန်းတိုးတာ၊ စစ်ကြောင်းအင်အား ၇၀ ကျော် လောက်၊ ၁၀၀ မပြည့်လောက်ဘူးဗျ၊ တစ်နာရီနီးပါး လောက် အပြန်လှန်ပစ်ကြသေးတယ်ဗျ၊ အကြီးတော့ မပစ်ခဲ့ရဘူး၊ လက်နက်ခြင်းမယှဥ်နိူင်ရလို့ ဆုတ်ခဲ့ရတာဗျ ” ဟု Shadow(ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် အစောက ပြောသည်။

ရွာတွေကို မီးရှို့ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနှင့် ထိပ်တိုက် တိုက်ပွဲတွေ့ခဲ့တဲ့ စစ်ကြောင်းဟာ မည့်သည့် လက်အောက်ခံ စစ်ကြောင်းဖြစ်တယ်ဆိုတာတော့ မသိရသေးဘူးလို့ ပြောသည်။

Shadow ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့မှ ရဲဘော်တွေက အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပေမယ့်လည်း ကျန်မဟာမိတ် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိမှာတော့ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း နှင့် အရှေ့မြောက်ခြမ်းက ရွာတွေကို မီးရှို့နေပြီး မီးရှို့ခံနေရတဲ့ရွာက ဒေသခံတွေအပြင် နီးစပ်တဲ့ရွာက ဒေသခံတွေပါ တိမ်းရှောင်နေရတယ်လို့ ဆိုသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ယင်းမာပင်အရှေ့မြောက်ခြမ်း ကျောက်မော်ကျေးရွာအပါဝင် ကျောက်မော်အုပ်စုအတွင်းက ရွာတွေ မီးရှို့ ခံခဲ့ရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly