တရုတ်နှစ်ကူးပွဲတော်တွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့် စာအုပ်ရောင်းချမှုဖြင့် ဟောင်ကောင် ရဲများက   လူ ၆ ဦးကို  ဖမ်းဆီး 

By The Guardian
27 January 2023
တရုတ်နှစ်ကူးပွဲတော်တွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့် စာအုပ်ရောင်းချမှုဖြင့် ဟောင်ကောင် ရဲများက   လူ ၆ ဦးကို  ဖမ်းဆီး 

ဟောင်ကောင်ရဲများသည် နှစ်သစ်ကူးဈေးရောင်းပွဲတော်တစ်ခုကို ဝင်ရောက်စီးနင်းကာ ၂၀၁၉ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ပတ်သက်သော နိုင်ငံတော်အကြည်ညိုပျက်စေသည့် စာအုပ်ရောင်းချမှုဖြင့် လူ ၆ ဦးကို ဖမ်းဆီးလိုက်သည်။

 
ယင်းလုပ်ရပ်ကြောင့်  တရုတ်နှစ်သစ်မတိုင်မီ ရက်ပိုင်းအလိုတွင် အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။ 
အသက် ၁၈ နှစ်မှ ၆၂ နှစ်ကြားရှိ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့သည် ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအကြောင်း ရေးသားထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေသော စာအုပ်ကို ထုတ်လုပ်ဖြန့်ချိကာ လူစည်ကားသော မွန်ကော့ခရိုင် ဈေးဝယ်စင်တာရှိ နှစ်သစ်ကူးဈေးတန်းတွင် ရောင်းချနေသည်ဟု နိုင်ငံတော်လုံခြုံရေးအရာရှိများက စွပ်စွဲခဲ့သည်။

၎င်းတို့သည် အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းများမှ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး နိုင်ငံတော်အကြည် ညိုပျက်စေရေး ရည်ရွယ်သည့် လုပ်ငန်းများတွင် ပါဝင်နေကြောင်း သံသယမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။
အဖမ်းခံရသူများတွင် လွတ်လပ်သောသတင်းဌာန Free HK Media ကို တည်ထောင်သူ အေလမ်ခွန်လည်း ပါဝင် ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက အရောင်းဆိုင်၊ နေအိမ်နှင့် ပုံနှိပ်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းရာ  စာအုပ်  ၄၃ အုပ်နှင့် နိုင်ငံတော် အကြည်ညိုပျက်စေသည့်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။
“ယင်းစာအုပ်သည် ဟောင်ကောင်လွတ်လပ်ရေးကို ထောက်ခံအားပေးပြီး တရုတ်ဗဟိုအစိုးရနှင့် ဟောင်ကောင် အစိုးရများကို ဖြုတ်ချရန် အခြားသူများကို လှုံ့ဆော်ထားသည်” ဟု ရဲများက ပြောကြားခဲ့သည်။

ဓာတ်ပုံများနှင့် စာသားများပါသည် စာမျက်နှာ ၄၀ဝ ရှိသည့်စာအုပ်တွင် ၂၀၁၉ ခုနှစ် ဆန္ဒပြပွဲများအကြောင်းကို မှတ်တမ်းပြုစုထားပြီး မျက်နှာဖုံးတွင် ယခုအခါ တားမြစ်ထားသော ကြွေးကြော်သံဖြစ်သည့် “ဟောင်ကောင် လွတ်မြောက်ရေး၊ ကျွန်ုပ်တို့ခေတ်ရဲ့ တော်လှန်ရေး” ဟု ဖော်ပြထားသည့် အလံကို တွေ့မြင်ရပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့နေသည့်ပုံကို ဖော်ပြထားသည်။

အွန်လိုင်း Shame on You ကုန်စုံဆိုင်ကို လုပ်ကိုင်နေသည့် အဖွဲ့သည် အကြမ်းဖက်မှုကို အလေးပေးသည့် ပစ္စည်းများနှင့် အစိုးရဆန့်ကျင်ရေးအသွင်ဆောင်သည့် အဆင်ဒီဇိုင်းပါသော ပစ္စည်းများ ရောင်းချသည်ဟုစွပ်စွဲခံထားရကြောင်း Ming Pao သတင်းစာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly