ဒလိုင်းလားမား၏ သီရိလင်္ကာခရီးစဉ်ကို တရုတ် ကန့်ကွက် 

By ANI 
27 January 2023
ဒလိုင်းလားမား၏ သီရိလင်္ကာခရီးစဉ်ကို တရုတ် ကန့်ကွက် 

တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ သီရိလင်္ကာသို့ လာမည့် တရားဝင်ခရီးစဉ်ကို တရုတ်က ကန့်ကွက်လိုက်ကြောင်း The Island သတင်းတွင် ဖော်ပြထားသည်။

ဒလိုင်းလားမားသည် သာမန်ဘုန်းတော်ကြီးမဟုတ်သဖြင့် ၁၄ ဆက်မြောက် ဒလိုင်းလားမားအား မည်သည့် အခြေအနေမျိုးဖြင့် လက်ခံတွေ့ဆုံသည်ဖြစ်ပါစေ တရုတ်အစိုးရနှင့် ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက် ကြောင်း တရုတ်သံရုံးတာဝန်ခံ ဟူဝေက သီရိလင်္ကာသာသနာပိုင်အား ပြောကြားခဲ့ကြောင်း သီရိလင်္ကာဆိုင်ရာ တရုတ်သံရုံး၏ တွစ်တာတွင် ဇန်နဝါရီလ ၁၇ ရက်က ဖော်ပြခဲ့သည်။ 
“နှစ်နိုင်ငံဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှင့် ပြည်သူများအကြား နှစ်ထောင်ပေါင်းများစွာ ရင်းနှီးစွာ ကူးလူးဆက်ဆံ မှုနှင့် သီရိလင်္ကာပြည်သူများတွက် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စီးပွားရေးအကျပ်အတည်းကို တိုက်ဖျက်ရန် တရုတ်၏ ခိုင်မာသော ပံ့ပိုးကူညီမှုများနှင့် ပတ်သက်၍ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ သီရိလင်္ကာသို့ သွားမည့် ၁၄ ဆက်မြောက် ဒလိုင်းလားမား၏ ရည်ရွယ်ချက်ကိုလည်း ဆွေးနွေးခဲ့သည်" ဟု ဇန်နဝါရီ ၁၁ ရက်က တရုတ်သံရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဘာသာရေးခေါင်းဆောင်ဒလိုင်းလားမားကို အဝေးရောက်နိုင်ငံရေးသမားဟု သီရိလင်္ကာဆိုင်ရာ တရုတ်နိုင်ငံ ခြားရေးဌာနတာဝန်ခံ ဟူဝေက ခေါ်ဆိုခဲ့ပြီး တရုတ်မှ ခွဲထွက်ရေး လှုပ်ရှားမှုများတွင်ပါဝင်ပြီး တိဗက်ကို တရုတ်မှ ခွဲထုတ်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
တရုတ်သံရုံးတာဝန်ခံ ဟူဝေက သီရိလင်္ကာသာသနာပိုင် ဆူမတ်ဂါလာသီရိုတွေ့ဆုံပြီးနောက် ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒလိုင်းလားမားခေတ်တွင် တိဗက်လူဦးရေ၏ ၉၅ ရာခိုင်နှုန်းဖြစ်သည့် လူပေါင်း ၁ သန်းခန့်သည် မြေကျွန်များ ဖြစ်ကြောင်း သာသနာပိုင်နှင့် တွေ့ဆုံမှုအတွင်း ဟူက တင်ပြခဲ့သည်။
တိဗက်၏ ဂျီဒီပီသည် ယွမ် ၁၂၉ သန်း သာရှိပြီး တိဗက်ပြည်သူများ၏ သက်တမ်းသည် ၁၉၅၁ ခုနှစ်က ၃၅ ဒသမ ၄ နှစ်သာရှိခဲ့ကြောင်း ဟူဝေက ဆိုသည်။ 
တိဗက်ကိစ္စအပါအဝင် နှစ်နိုင်ငံအကျိုးစီးပွားများအတွက် သီရိလင်္ကာနှင့် တရုတ်က အပြန်အလှန် အခိုင်အမာ ထောက်ခံအားပေးခဲ့ကြောင်း ဟူက အလေးပေးပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly