“ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေက ထိုင်းကို အားမကိုးလို့မရပါဘူး” ဦးခွန်စိုင်းနှင့်အင်တာဗျုး

By မိုးသောက် 
24 January 2023
“ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေက ထိုင်းကို အားမကိုးလို့မရပါဘူး” ဦးခွန်စိုင်းနှင့်အင်တာဗျုး

မဲဆောက် (မဇ္ဈိမ) ။    ။ “ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေက ထိုင်းကို အားမကိုးလို့ မရပါဘူး” လို့ ထိုင်း-မြန်မာအရေးလေ့လာသုံးသပ်သူ ဆရာဦးခွန်စိုင်းက မဇ္ဈိမနဲ့အင်တာဗျူးမှာ ဖြေကြားလိုက် ပါတယ်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ဖွန်စရီ ဆာဝပ်ဒီနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ 8 th HLC အစည်းအဝေးမှာ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ အခုလို ဖြေဆိုခဲ့တာပါ။

ရှစ်ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (8 th HLC) ကို ရခိုင်ပြည်နယ်သံတွဲမြို့က Jasmine Ngapali Resort မှာ ဇန်နဝါရီလ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ကြပါတယ်။ 

အဲ့ဒီ့အစည်းအဝေးမှာ နယ်စပ်ဒေသရှိ နှစ်နိုင်ငံတပ်တွေ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေအပါအဝင် တခြားကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့  စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဦးချုပ်နှစ်ဦးတွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်လို့ ထိုင်း-မြန်မာအရေး လေ့လာသုံးသပ်သူ ဆရာဦးခွန်စိုင်းကို မဇ္ဈိမသတင်းထောက်က ဆက်သွယ်မေးမြန်းထားပါတယ်။

 ဓါတ်ပုံ - သျှမ်းသံတော်ဆင့်

#ဦးခွန်စိုင်း
#အင်တာဗျူး
#စစ်ခေါင်းဆောင်
#ထိုင်းနိုင်ငံ
#စစ်ဦးစီးချုပ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required