တရုတ် BRI  စီမံကိန်းများက  နိုင်ငံသားများနှင့် အခြေခံအဆောက်အအုံကဏ္ဍအတွက် အကျိုးမရှိကြောင်း  ပါကစ္စတန်အစိုးရ နားလည်လာ

By  Economic Times
24 January 2023
တရုတ် BRI  စီမံကိန်းများက  နိုင်ငံသားများနှင့် အခြေခံအဆောက်အအုံကဏ္ဍအတွက် အကျိုးမရှိကြောင်း  ပါကစ္စတန်အစိုးရ နားလည်လာ

တရုတ်သည် ပါကစ္စတန်နှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများကို လွန်ခဲ့သည့်နှစ်အနည်းငယ်က စတင် လုပ်ဆောင်ခဲ့သော်လည်း ယင်းစီမံကိန်းများသည် နိုင်ငံသားများနှင့် အခြေခံအဆောက်အအုံများအတွက် အကျိုးအမြတ်မရှိဘဲ တရုတ်က ပါကစ္စတန်ကို ဖြတ်၍ ၎င်းကုန်စဉ်များကို ဥရောပသို့ပို့ရန် မြေနှင့်ရထားလမ်းကို အသုံးချခြင်းဖြစ်ကြောင်း ပါကစ္စတန်အစိုးရ သိရှိလာသည်ဟု  ဆောင်းပါးရှင် နက်တာဂန်က Singapore Post တွင် ရေးသားခဲ့သည်။ 

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားပေါင်း ၁၆ ၀၀၀ ပြေးဆွဲခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ရထားများသည် ၁ ဒသမ ၆ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများပါသော ကွန်တိန်နာများကို သယ်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံအနောက်ပိုင်းရှိ ကုန်းရေနှစ်သွယ်စင်္ကြံသစ်ကိုဖြတ်၍ ကွန်တိန်နာပေါင်း ၇၅၆ ၀၀၀ ကို ရထားဖြင့် သယ်ယူပို့ဆောင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၈ ဒသမ ၅  ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်-လာအို မီးရထားသည် ၂၀၂၂ ခုနှစ်တွင် ခရီးသည် ၉ သန်းကို သယ်ဆောင်ခဲ့ပြီး ယင်းစီမံကိန်းများကို တိုးတက်မှုမှတ်တိုင်များအဖြစ် သတ်မှတ်၍ တရုတ်သည် နိုင်ငံခြားရေးမူဝါဒကို ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုမှ ပြည်ပသြဇာလွှမ်းမိုးမှုသို့ ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအသစ် စတင်နေပြီဟု ဂန်က The Singapore Post တွင် ရေးသားခဲ့သည်။

တရုတ်နိုင်ငံ ထွန်းကားလာချိန်မှစ၍ ကျယ်ပြန့်စွာပေါင်းစည်းထားသော ပထဝီဝင်စီးပွားရေး အစီအစဉ်သည် အလှမ်းဝေးသော စျေးကွက်များနှင့်ကုန်သွယ်မှုလုပ်ငန်းများသို့ ရောက်ရှိအောင် မြှင့်တင်ရန်ဖြစ်သည်။ အဆုံးစွန်သောရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင်ငံများအတွက် အမေရိကန်  မဟုတ်သော အခြားရွေးချယ်စရာနေရာကို ကုန်စည်ဖြန့်ဖြူးရန်ဖြစ်သည် ဟု မီဒီယာများက ဆိုသည်။
နိုင်ဂျီးရီးယားနိုင်ငံရေးသမားအချို့က ခါးပတ်လမ်းစီမံကိန်းအတွက် တရုတ်နိုင်ငံကို ကြိုဆိုခဲ့ကြသော်လည်း လက်တွေ့တွင် ယင်းစီမံကိန်းသည် ကြွေးမြီပြဿနာကို ဖြစ်ပေါ်စေပြီး ဒေသခံနိုင်ဂျီးရီးယားနိုင်ငံသားများကို စီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့မှ ဖယ်ထုတ်ခဲ့ကြောင်း Hong Kong Post တွင် ဖော်ပြထားသည်။

နိုင်ဂျီးရီးယားအင်ဂျင်နီယာနှင့်ဆောက်လုပ်ရေးကုမ္ပဏီ Dutum Company Limited ၏ မန်နေးဂျင်းဒါရိုက်တာ တဲမီတုပ်ရမ်းစီဝီက “ဒီတရုတ်ကုမ္ပဏီတွေဟာ တရုတ်ဆီက ပေါပေါများများရတဲ့ ရန်ပုံငွေတွေနဲ့ လည်ပတ်ကြမယ်။  ကျွန်တော်တို့ တည်ဆောက်မှုတွေ လုပ်လိုက်ပါ့မယ်  စီမံကိန်းတွေပေးပါလို့ သူတို့အစိုးရကို ပြောကြမှာပါ” ဟု မှတ်ချက်ပြုသည်။ အစိုးရအရာရှိ အများစုသည် ဒေသ၏လုပ်နိုင်စွမ်းကို အားကောင်းအောင်မြှင့်တင်ပေးရမည့်အစား အလွန်အကျွံဆွဲဆောင်မှုများအောက်တွင် ကျရှုံးခဲ့ကြကြောင်း Hong Kong Post သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly