တရုတ်လျှို့ဝှက်ရဲစခန်းအဖြစ် အသုံးပြုသည့် နယူးယောက်ရှိ အဆောက်အအုံကို အမေရိကန်ထောက်လှမ်းရေးများ ဝင်ရောက် စီးနင်း

By Daily Mail
24 January 2023
တရုတ်လျှို့ဝှက်ရဲစခန်းအဖြစ် အသုံးပြုသည့် နယူးယောက်ရှိ အဆောက်အအုံကို အမေရိကန်ထောက်လှမ်းရေးများ ဝင်ရောက် စီးနင်း

ရာဇဝတ်မှုများကို ဖြေရှင်းပေးသည့် တရားမဝင်ရဲများကို ခန့်အပ်ထားကာ လျှို့ဝှက်ရဲဌာနတစ်ခုအဖြစ် အသုံးပြုခဲ့ သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန် နယူးယောက်မြို့ မန်ဟက်တန်ခရိုင်ရှိ အဆောက်အအုံတစ်ခုကို အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) အေးဂျင့်များက ၂၀၂၂ ခုနှစ် ဆောင်းဦးတွင် ဝင်ရောက်စီးနင်းခဲ့သည်။ 
နယူးယောက်မြို့တွင် နေထိုင်သော တရုတ်နိုင်ငံသားများကို အကူအညီပေးနေသည့် အကျိုးအမြတ်မယူသော American Changle Association အဖွဲ့၏ ဌာနချုပ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
အဖွဲ့၏ဥက္ကဋ္ဌဟောင်းမှာ လူကျန်းရွှန်းဖြစ်ပြီး ၎င်းသည် ၂၀၂၁ ခုနှစ်က အဲရစ်အဒမ်၏ မြို့တော်ဝန်မဲဆွယ်စည်းရုံး ရေးလှုပ်ရှားမှုအဖွဲ့သို့ ဒေါ်လာ ၄ ထောင် လှူဒါန်းခဲ့ကြောင်း New York Times ကဖော်ပြခဲ့သည်။
ရဲစခန်းသည် ယင်းအဖွဲ့အစည်းတည်ရှိသည့် အဆောက်အအုံ၏ တတိယထပ်တွင် တည်ရှိသည်။ ရဲဌာနသည် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်တွင် အခြေစိုက်သည့် 110 Overseas အမည်ရ အဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက် နေသည်။
DailyMail သတင်းအဖွဲ့သည် အောက်တိုဘာလက ဂျပန်ခေါက်ဆွဲဆိုင်၏ အပေါ်ထပ်နှင့် တရုတ်အပ်စိုက်ဆရာ တစ်ဦး၏ ဘေးချင်းကပ်လျက်တည်ရှိသည့် ရုံးခန်းသို့သွားရောက်ခဲ့ရာ လျှို့ဝှက်ရဲစခန်းတစ်ခုဖြစ်ကြောင်း သိရှိခဲ့ပြီး အဆိုပါတရုတ်လျှို့ဝှက်ရဲစခန်းမှာ ပိတ်ထားလေ့ရှိကြောင်း နေထိုင်သူများက ပြောကြားခဲ့သည်။
ဥရောပအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Safeguard Defenders က ကမ္ဘာတစ်ဝန်းတွင် လျှို့ဝှက်တရုတ်ရဲစခန်း ပေါင်း ၁၀ဝ ကျော် ဖွင့်လှစ်ထားကြောင်း အသေးစိတ်ဖော်ပြသည့် သုတေသနလေ့လာမှုကို စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူများအား သတိပေးခဲ့သည်။ 
တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် ဆောင်းဦးစီးနင်းမှုသည် အမေရိကန်ရှိ လျှို့ဝှက်ရဲစခန်းတစ်ခုအား ပထမဆုံး စီးနင်းမှုဖြစ်သည်။ 
နယူးယောက်တွင် လျှို့ဝှက်တရုတ်ရဲ စခန်း ၂ ခု၊ လော့စ်အိန်ဂျလိစ်တွင် ၁ ခုနှင့် တခြားနေရာတွင် ၁ ခုရှိကြောင်း Safeguard Defenders က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly