အာဖဂန်နစ္စတန်တွင် တရုတ်သြဇာ ကြီးထွားလာမှုကြောင့် အစ္စလာမ္မစ်တပ်ဖွဲ့များက တိုက်ခိုက်မှုများကို တိုးမြှင့် သွားမည် 

By ANI  
21 January 2023
အာဖဂန်နစ္စတန်တွင် တရုတ်သြဇာ ကြီးထွားလာမှုကြောင့် အစ္စလာမ္မစ်တပ်ဖွဲ့များက တိုက်ခိုက်မှုများကို တိုးမြှင့် သွားမည် 

အာဖဂန်နစ္စတန်နှင့် တရုတ်က ရေနံတင်ပို့ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် တရုတ်ကို မလိုလားသော အာဖဂန်နစ္စတန်ရှိ အစ္စလာမ္မစ်တပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် စီစဉ် နေသည်။ 
အာဖဂန်နစ္စတန်တွင် တရုတ်၏ သြဇာကြီးမားလာမှုကို အစ္စလာမ္မစ်များက မကျေနပ်ကြကြောင်း ဝါရှင်တန်ဒီစီ အခြေစိုက် လွတ်လပ်သော မီဒီယာအဖွဲ့ Global Strat View က ဖော်ပြခဲ့သည်။
အစ္စလာမ္မစ်တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်အပေါ် တရုတ်က စီးပွားရေးအမြတ်ထုတ်ခြင်းကို မလိုလားကြပေ။ တရုတ်မှ လူနည်းစု ဝီဂါမွတ်စလင်များကို နှိပ်စက်ညှဉ်းပန်းသည်ဟူသော စွဲချက်များက အာဖဂန်၏  စိုးရိမ်ပူပန်မှုများကို ပိုမိုဆိုးရွာစေခဲ့သည်။ 
အစ္စလာမ္မစ်တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နှင့် အရှေ့အလယ်ပိုင်းတွင် အခိုင်အမာ ခြေကုပ်ယူထားသဖြင့် တရုတ်သည် ယင်းနေရာများတွင် ကန့်ကွက်မှုများကြုံတွေ့နေရကာ တရုတ်နိုင်ငံသားများနှင့် စီမံကိန်းများ တိုက်ခိုက်ခံနေရသည်။
ပါကစ္စတန်တွင် တရုတ်က အကြီးမားဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်သော်လည်း အိမ်နီးချင်းပါကစ္စတန်တွင် စစ်သွေးကြွများက တရုတ်နိုင်ငံသားများနှင့် စီမံကိန်းများကို တိုက်ခိုက်နေကြောင်း Global Strat View က ဖော်ပြသည်။
ပါကစ္စတန်၏ သဘာဝအရင်းအမြစ်များကို အလွန်အကျွံ အမြတ်ထုတ်မှုနှင့် နိုင်ငံတွင်းစီးပွားရေးနှင့် စစ်ရေး သြဇာလွှမ်းမိုးမှုကြောင့် ပါကစ္စတန်နိုင်ငံသားများသည် တရုတ်ကို ဆန့်ကျင်ဆန္ဒပြနေကြသည်။
အမေရိကန်က အာဖဂန်မှ ထွက်ခွာမှုကို အခွင့်ကောင်းယူရန် တရုတ်က ကြိုးပမ်းနေချိန်တွင် အာဖဂန်နစ္စတန်တွင် အလားတူတိုက်ခိုက်မှုများ ကြုံတွေ့နေရကြောင်း အစ္စလာမ္မစ်တပ်ဖွဲ့များက ပြောကြားခဲ့သည်။
တရုတ်က အာဖဂန်နစ္စတန်ရှိ များပြားလှသော တွင်းထွက်သတ္တုများကို အသုံးချရန် ရည်မှန်းထားသည်။
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) ကို အာဖဂန်နစ္စတန်သို့ တိုးချဲ့မည့် တရုတ်၏ ရည်ရွယ်ချက်မှာ စိုးရိမ်စရာ ပြဿနာတစ်ရပ် ဖြစ်လာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly