အက်သလက်တီကိုမက်ဒရစ်ဟာ ဘာစီလိုနာအသင်းကနေ နယ်သာလန်တိုက်စစ်မှူး ဒီပေးကို ကနဦး ယူရို ၃ သန်း (ပေါင် ၂.၆ သန်း) နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နှစ်နှစ်ခွဲစာချုပ်ဖြင့် ရောက်ရှိလာတာပါ။
အဆိုပါ စာချုပ်မှာ အက်သလက်တီကိုမှ ဘယ်လ်ဂျီယံတောင်ပံကစားသမား ကာရက်စ်ကို ကို အနာဂတ်မှာ ခေါ်ယူခွင့် ပါဝင်တယ်လို့ ဘာစီလိုနာက ပြောပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီပေးဟာ ပေါင်ဒဏ်ရာကြောင့် ဒီရာသီမှာ စပိန်ကလပ်အတွက် လေးပွဲသာ ကစားပေးထားပါတယ်။
သူဟာ လိုင်ယွန်ကနေ ထွက်ခွာပြီးနောက် ၂၀၂၁ ခုနှစ် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဘာစီလိုနာကို ရောက်ရှိခဲ့ပြီး ၄၂ ပွဲကစား၊ ၁၄ ဂိုးသွင်းခဲ့ပါတယ်။
အက်သလက်တီကိုဟာ ပေါ်တူဂီတိုက်စစ်မှူး ဂျိုအာချင်ဖီးလစ်ကို အပြောင်းအရွှေ့ဈေးကွက်အစောပိုင်းမှာ ချယ်လ်ဆီးသို့ အငှားဖြင့် ပြောင်းရွှေ့ခွင့်ပြုခဲ့ပါတယ်။
(BBC)