လောင်းလုံးတွင် စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ

By ကိုရွှေမြိတ် (မဲဆောက်)
20 January 2023
လောင်းလုံးတွင် စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ

မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ကြောင်း တော်လှန်ရေးလူငယ်များနှင့် ဒေသခံပြည်သူများ လမ်းပေါ် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုမှာ "အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်၊ စစ်အာဏာရှင်စနစ်ကို သုတ်သင်" စာပြားကို ကိုင်ဆောင်ပြီး ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံနှင့် ဆန့်ကျင်ကြဖို့ လိုကြောင်း၊ အထူးသဖြင့် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ မဲ သွားမထည့်ကြဘဲ အဲဒီ ရွေးကောက်ပွဲကို လူထု တစ်ရပ်လုံး လက်မခံသည့် အကြောင်း နိုင်ငံတကာက သိအောင် ထုတ်ဖော် ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဦးဆောင်သူများက စည်းရုံး ပြောဆိုထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
#လောင်းလုံးမြို့နယ်
#ရွေးကောက်ပွဲ
#စစ်အာဏာရှင်စနစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required