တရုတ်နိုင်ငံ ကွမ်ကျိုးရှိ အငြိမ်းစားများက  ပင်စင်လစာနှင့် ဆေးဘက်ဆိုင်ရာအာမခံကြေး လျှော့ချခံရမှုကို ဆန့်ကျင်ဆန္ဒပြ

By ANI
19 January 2023
တရုတ်နိုင်ငံ ကွမ်ကျိုးရှိ အငြိမ်းစားများက  ပင်စင်လစာနှင့် ဆေးဘက်ဆိုင်ရာအာမခံကြေး လျှော့ချခံရမှုကို ဆန့်ကျင်ဆန္ဒပြ

တရုတ်နိုင်ငံ ကွမ်ကျိုးရှိ အငြိမ်းစားများသည် ပင်စင်လစာနှင့် ဆေးဘက်ဆိုင်ရာ အာမခံကြေးများ  လျှော့ချခံရသဖြင့်  လူမှုဖူလုံရေးဗျူရိုရှေ့သို့သွားကာ ကန့်ကွက်ဆန္ဒပြကြသည်။
"ကွမ်ကျိုးမြို့က အငြိမ်းစားတွေဟာ ပင်စင်လစာနဲ့ ဆေးကုသမှု အာမခံကြေးတွေ လျှော့ချခံရလို့ လူမှုဖူလုံရေးဗျူရိုရှေ့မှာ ဆန္ဒပြနေကြပါတယ်” ဟု အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် အလွတ်တန်းသတင်းထောက် ဂျနီဖာဇန်းက Twitter တွင် ရေးသားခဲ့သည်။
တရုတ်နိုင်ငံက  ဒေသန္တရအစိုးရဟာ အခု ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။” ဟု ဇန်းက ဇန်နဝါရီ ၁၄ တွင် Twitter  ၌ ရေးသားခဲ့သညိ။ ဇန်းသည် တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) အကြောင်းတို့ကို ရေးသားလေ့ရှိသူတစ်ဦးဖြစ်သည်။
တရုတ်နိုင်ငံ၏  ကိုဗစ်ကူးစက်မှုက  တောင်ပိုင်း စီးပွားရေးအချက်အချာကျသော ကွမ်ကျိုးမြို့ကို ထိခိုက်ခဲ့ကာ ပြန်လည်နာလန်ထူရန် အခက်အခဲများရင်ဆိုင်နေရချိန်မှာ  စီးပွားရေးဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ရကြောင်း The Straits Times က  ဖော်ပြခဲ့သည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် နိုင်ငံ၏ ရပ်တန့်နေသော စီးပွားရေးကို ပြန်လည်အသက်သွင်းရန် တင်းကျပ်သော ကူးစက်ရောဂါ ကန့်သတ်ချက်များကို ရုတ်တရက် စွန့်လွှတ်ပြီးနောက် ၃ ပတ် အကြာတွင် ကွမ်ကျိုးမြို့သည် ထိန်းချုပ်မရနိုင်သော ကပ်ရောဂါနှင့် ဘဏ္ဍာရေး မသေချာမရေရာမှုများကို ရင်ဆိုင်ရကာ  ပြည်သူများနှင့် ကုမ္ပဏီများသည် စီးပွားရေး နာလန်ထူရန် အချိန်ယူရမည်ဖြစ်သဖြင့် သတိထား သုံးစွဲနေရသည်။
ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းနှင့် စီးပွားရေးအကျပ်အတည်းများကြားတွင် ကိုဗစ်မူဝါဒများသည် လူတို့၏အသက်ကို ကယ်ဆယ်နေသော်လည်း တစ်ဖက်တွင်  စီးပွားရေးအပေါ် ထိခိုက်လျက်ရှိသောကြောင့် နိုင်ငံမှာ နှစ်ချက်ဆင့် ထိုးနှက်မှုကို ခံနေရကာ  အကျပ်ရိုက်လျက်ရှိသည်ဟု Inside Over သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် လာမည့်ရက်များအတွင်း ကိုဗစ်နှင့် ဆက်နွှယ်သေဆုံးသူ ၁ သန်းကျော် ရှိနိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ယခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်းမှ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိကာ နှစ် ၅၀ အတွင်း အနိမ့်ဆုံးဖြစ်လာမည်ဟု လေ့လာသူများက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly