အမေရိကန်နှင့်တရုတ် ဆက်ဆံရေးတင်းမာလာချိန်တွင် ဖိလစ်ပိုင်က ပထဝီမဟာဗျူဟာအရ အရေးပါလာ

By Always First
17 January 2023
အမေရိကန်နှင့်တရုတ် ဆက်ဆံရေးတင်းမာလာချိန်တွင် ဖိလစ်ပိုင်က ပထဝီမဟာဗျူဟာအရ အရေးပါလာ

အာရှ-ပစိဖိတ်ဒေသတွင် တည်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ပထဝီမဟာဗျူဟာအရ ပိုမိုအရေးပါလာကြောင်း Beijing News.Net က ဖော်ပြလိုက်သည်။
ဖိလစ်ပိုင်သည် တရုတ်နှင့် အရေးပါသည့် ကုန်သွယ်ရေး ဆက်ဆံရေးရှိသော်လည်း ယင်းက ထိုင်ဝမ်ကို  ကျူးကျော်မှုအတွက် တရုတ်၏ တစ်ထောက်နားနေရာအဖြစ် အမေရိကန်က ရှုမြင်နေသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက တရုတ်သို့ သွားရောက်လည်ပတ်ခြင်းဖြင့် ၂၀၂၃ ခုနှစ်ကို အစပြုခဲ့ပြီး တရုတ်နှင့် ဖိလစ်ပိုင်အကြား နှစ်နိုင်ငံသဘောတူညီချက် ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့သည်။
နှစ်နိုင်ငံအကြား ယင်းကဲ့သို့ သံခင်းတမန်ခင်းမျိုးက မထူးဆန်းလှပေ။ တရုတ်သည် ဖိလစ်ပိုင်၏ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သလို အထူးသဖြင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အဓိက ပြည်တွင်းရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အရင်းနှီးဆုံး စီးပွားရေးမိတ်ဖက်များဖြစ်ကြသည်။
သို့သော် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော နယ်မြေများနှင့် ပတ်သက်၍ တရုတ်အား မကျေမနပ်ဖြစ်နေပြီး လတ်တလောသမိုင်းကြောင်းအရ အမေရိကန်ကိုထောက်ခံသူ အလိုလို ဖြစ်လာကြောင်း Beijing News.Net က ဖော်ပြခဲ့သည်။
ထို့ပြင် ထိုင်ဝမ်ရေလက်ကြားတွင် ရန်လိုမှုများ တိုးမြင့်လာပြီးနောက် ဖိလစ်ပိုင်၏ ပထဝီဝင်ဗျူဟာမြောက် အနေအထားသည် အမေရိကန်နှင့်တရုတ်အတွက် အရေးကြီးလာသည်။
ဖိလစ်ပိုင်သည် အာရှပစိဖိတ်ဒေသတွင် အမေရိကန်အင်အားအတွက် ပဓာနကျပြီး အာရှတိုက်တွင် အမေရိကန်၏ ကိုလိုနီဖြစ်ခဲ့ဖူးသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက် ဖိလစ်ပိုင်သည် အမေရိကန်၏ မဟာမိတ်ဖြစ်လာခဲ့သည်။ အရှေ့တောင်အာရှကမ်းလွန်တွင် တည်ရှိသော ကျွန်းစုများအနေဖြင့် ဖိလစ်ပိုင်သည် ဗီယက်နမ် စစ်ပွဲအတွင်းက ယင်း၏ ရေတပ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးခဲ့ခြင်းဖြင့် အမေရိကန်အား အာရှတိုက်သို့ စစ်အင်အား ဖြန့်ကြက်ခွင့်ပြုထားသည်။ ဖိလစ်ပိုင်ကျွန်းစုများ၏ မြောက်ဘက်တွင် ထိုင်ဝမ်နှင့် တရုတ်တို့ တည်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly