တရုတ်က ၁၉၅၁ ခုနှစ် တရားမဝင် သဘောတူညီချက်အပေါ် အခြေခံ၍ တိဗက်ကို ပိုင်ဆိုင်ကြောင်း တောင်းဆို နေ

By ANI 
17 January 2023
တရုတ်က ၁၉၅၁ ခုနှစ် တရားမဝင် သဘောတူညီချက်အပေါ် အခြေခံ၍ တိဗက်ကို ပိုင်ဆိုင်ကြောင်း တောင်းဆို နေ

တရုတ်သည် ၁၉၅၁ ခုနှစ် တရားမဝင်သဘောတူညီချက်အပေါ် အခြေခံကာ တိဗက်၏ ရှေးနှစ်ပေါင်းများစွာက လွတ်လပ်စွာ တည်ရှိခဲ့မှုကို ငြင်းဆိုထားပြီး ၎င်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောကြားနေသည်ဟု Tibet Press သတင်းဌာနက ဖော်ပြလိုက်သည်။
တိဗက်ငြိမ်းချမ်းစွာလွတ်မြောက်ရေး ဆောင်ရွက်ချက်များဆိုင်ရာသဘောတူညီချက် ခေါ် ၁၇ ချက်ပါ သဘောတူ ညီချက်ကို တိဗက်အား ကိုယ်စားပြုရန် တရားဝင်အခွင့်အာဏာမရှိသူက ၁၉၅၁ ခုနှစ် မေလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
တိဗက်အစဉ်လာရိုးရာ၊ ဘာသာရေးဂုဏ်သိက္ခာနှင့် ဒေသခံတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမည်ဖြစ်ကြောင်း တရုတ်က ကတိပြုခဲ့သည်ဟု Tibet Press က ဖော်ပြခဲ့သည်။
အဆိုပါ သံသယဖြစ်ဖွယ်သဘောတူညီချက်ကို အကျပ်ကိုင်လက်မှတ်ရေးထိုးခိုင်းခဲ့ခြင်းဖြစ်ပြီး တရားဝင်မှုမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
သို့သော် တရုတ်က သဘောတူညီချက်ကို လိုက်နာခြင်းမရှိသောကြောင့် ၁၉၅၉ ခုနှစ်တွင် တိဗက်လူထုအုံကြွမှုဖြစ်ပွားခဲ့ပြီး ဖြိုခွင်းခံခဲ့ရကာ ၁၄ ဆက်မြောက် ဒလိုင်းလားမားသည် နောက်လိုက် များနှင့်အတူ အိန္ဒိယသို့ ထွက်ပြေးခဲ့ရသည်။
“တရုတ်ဟာ သူ့ကို တရားဝင်မှုရရှိစေခဲ့တဲ့ စာချုပ်ကို အားနည်းစေခဲ့ပြီး လွတ်မြောက်တဲ့အနာဂတ်ကို လိုလားတဲ့ တိဗက်တွေရဲ့ ရည်မှန်းချက်တွေကို ရှင်းလင်းပစ်ဖို့ဆိုတာ သိသာလာခဲ့ပါတယ်။ တရုတ်အာဏပိုင်တွေက ကွန်မြူနစ်မူဝါဒတွေကို မိတ်ဆက်၊ ခေတ်နောက်ပြန်ဆွဲတဲ့ စီမံချက်တွေကို အတင်းချမှတ်ပြီး တိဗက်ဒေသက တိုင်းရင်းသားတွေကို အတင်းအကျပ်ပေါင်းစည်းစေပြီးတော့ အထွတ်အမြတ်ထားရာနေရာက တိဗက် ယဉ်ကျေးမှုကို ဖယ်ရှားရှင်းလင်းဖို့ ကြိုးပမ်းခဲ့ပါတယ်” ဟု Tibet Press က ဖော်ပြခဲ့သည်။
တိဗက်ကိုယ်တိုင် တရုတ်နှင့် ပေါင်းစည်းလာစေရန် အရေးပါသော ကြိုးပမ်းမှုအဖြစ် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ၁၄ ဆက်မြောက် ဒလိုင်းလားမားကို ဆက်ခံမည့်သူအား ကြေညာရန် အမြဲတစေ ကြိုးပမ်းခဲ့သည်။
တိဗက်နှင့် အခြားလူနည်းစုများကို တရုတ်က ညှင်းပန်းနှိပ်စက်နေသည်ဟူသော စွပ်စွဲချက်များကြောင့် နိုင်ငံ တကာက တိဗက်ကို အာရုံစိုက်လာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly