အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် လင်းယုန်တပ်ဖွဲ့က သရက်ခရိုင်အတွင်းမှ လဝကရုံးများအား ဖောက်ခွဲသတိပေး

By ပါခွီး (မဇ္စျိမ)
15 January 2023
အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် လင်းယုန်တပ်ဖွဲ့က သရက်ခရိုင်အတွင်းမှ လဝကရုံးများအား ဖောက်ခွဲသတိပေး

ဇန်နဝါရီလ ၁၅ ရက်

မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်ကောင်စီမှကျင်းပမည် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် လဝကရုံးများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သရက် ၊ ကံမ ၊ မင်းတုန်း ပူးပေါင်းပကဖ လင်းယုန်တပ်ဖွဲ့မှ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့စကစကို ဒီအလိမ်အညာရွေးကောက်ပွဲကို အသိအမှတ်မပြု လက် မခံကြောင်းပြသချင်လို့ လဝကရုံးတွေမှာ အသိပေးဖောက်ခွဲခဲ့တာပါ” ဟု လင်းယုန်တပ်ဖွဲ့ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုမြတ်က မဇ္စျိမကိုပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၄ နာရီ ၅ မိနစ်နှင့် ၄ နာရီ ၂၀ မိနစ် တို့တွင် မင်းတုန်းမြို့ လဝကရုံးအား အဝေးထိန်းမိုင်းဖြင့် နှစ်ကြိမ်ဖောက်ခွဲခဲ့ရာ ရုံးခန်းအမိုးများပျက်စီသွားခဲ့ကြောင်းဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၆နာရီ ၄၅ မိနစ်အချိန်ကလည်း သရက်မြို့ လဝကရုံးအား အဝေး ထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရုံးခန်းမှန်ပြတင်းများပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါရုံးများတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေခြင်းမရှိဘဲ ရုံးစောင့်များသာရှိသဖြင့် လူသေကြေ ထိခိုက်မှုမရှိရန် ရည်ရွယ်သတိပေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ပြည်သူများအနေဖြင့် အဆိုပါရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သဖြင့် လက်မခံ ဆန့်ကျင်ကြရန်နှင့် သွေးမအေးကြရန် တိုက်တွန်းလိုကြောင်း ကိုမြတ်ကပြောြကားသည်။

စစ်ကောင်စီသည် ၎င်းတို့ပြုလုပ်မည့်ရွေးကောက်ပွဲအတွက် သရက်၊ မင်းတုန်း၊ ကံမနယ်မြေအတွင်း အိမ် ထောင်စုစာရင်းများ ကွင်းဆင်းကောက်ခံနေသော်လည်း နယ်မြေအစုံပြီးစီးခြင်းမရှိသေးကြောင်း သိရ သည်။

စစ်ကောင်စီအာဏာတည်မြဲရေးအတွက်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို လုပ်သင့်လုပ်ထိုက် သည်များလုပ်ဆောင်ကာ အစွမ်းကုန်တားဆီးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲ မအောင်မြင်စေရန် တော်လှန်ရေးအသိ၊ သတိဖြင့် ဆန့်ကျင်တော်လှန်ကြရန် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံမှ တိုက်တွန်းခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly