ကန့်ဘလူတွင် ပျူစောထီးများက အသက် ၅ နှစ်အရွယ်ကလေးအပါအဝင် လူ ၈ ဦးကို သတ်ဖြတ်

ကန့်ဘလူတွင် ပျူစောထီးများက အသက် ၅ နှစ်အရွယ်ကလေးအပါအဝင် လူ ၈ ဦးကို သတ်ဖြတ်

ဇန်နဝါရီလ ၁၄ ရက်

ကန့်ဘလူမြို့နယ်တွင် ပျူစောထီးများကနေအိမ်တွင်ဝင်ရောက်စီးနင်းသတ်ဖြတ်၍ အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူရှစ်ဦးသေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက မဇ္ဈိမသို့ပြောသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ပျူစောထီးများက ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) နံနက် ၂ နာရီခန့်တွင်သတ်ဖြတ်သွားသူများမှာ ဦးကျော်လှိုင် (၇၀ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်မဲညွန့် ( ၆၅ နှစ်)၊ ဒေါ်နှင်းမြလှိုင်( ၄၀ နှစ် )၊ ဒေါ်နှင်းမြခိုင်( ၃၇ နှစ်)၊ ကိုမျိုးဝင်း(၃၇ နှစ်) ၊ မစုမြစံ (၁၅ နှစ်) ၊မရွှေဘုံစံ(၁၂ နှစ်) နှင့်မောင်ခန့်ဇေယျာမျိုး( ၅ နှစ်) တို့ဖြစ်သည်။

" လူတစ်စုက သေနတ် အချက်၂၀ခန့် ပစ်ဖောက်ပြီး ဓါးနဲ့ ရက်ရက်စက်စက် သတ်ဖြတ်သွားပါတယ်။လူမဆန်ရက်စက်စွာ မိသားစုလိုက် သတ်ဖြတ်ခံရတာဖြစ်ပါတယ်" ဟု ဒီချုပ်အမတ်တစ်ဦးက လူမှုကွန်ရက်တွင်ရေးသားထားသည်။

ဦးကျော်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် သူ့အိမ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးဖွင့်ကာ ပါတီအောင်နိုင်ရေးလုပ် ဆောင်ခဲ့သူဟုသိရသည်။

ဇန်နဝါရီ ၉ရက်ကလည်း တမူးမြို့နယ်တွင် ပျူစောထီးနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကျောထောက်နောက်ခံပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များဦးဆောင်သော ပျူစောထီးအဖွဲ့က ဒေသခံ NLDပါတီဝင် နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly