တရုတ်အစိုးရသည် မွေးဖွားနှုန်းကျဆင်းမှုကို မြှင့်တင်ရေးအတွက် ကလေး ၃ ယောက်မူဝါဒကို စတင်ကျင့်သုံးနေ သည်မှာ ၁ နှစ်ခွဲခန့်ရှိနေပြီဖြစ်သော်လည်း ကလေး ၃ ဦးယူရန် ဆန္ဒရှိသူမှာ အနည်းငယ်သာကြောင်း စစ်တမ်းများက ဖော်ပြလိုက်သည်။
တရုတ်တောင်ပိုင်း ကြွယ်ဝချမ်းသာသော ကွမ်ကျိုးမြို့တွင် နေထိုင်သူ ၉ ရာခိုင်နှုန်းခန့်ကသာ ကလေး ၃ ဦး နှင့် အထက်လိုချင်ကြကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ကွမ်တုံလူဦးရေးတိုးတက်ရေး အကယ် ဒမီက ပြုလုပ်သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းရလဒ်အရ ဖြေဆိုသူ ၂၃ ၃၂၃ ဦးအနက် ၈၀ ရာခိုင်နှုန်းကျော်က ကလေး ၁ ဦးနှင့် အထက်လိုချင်ကြပြီး အများစုက ၂ ဦးလိုချင်ကြသည်။
ကလေးပြုစုပျိုးထောင်စရိတ်ကြီးခြင်း၊ အချိန်နှင့် စွမ်းအားမလုံလောက်မှုနှင့် အလုပ်ဖိအားများက ကလေးထပ် ယူရန် အဓိကအတားအဆီးများဖြစ်ကြောင်း မိဘများက ဖြေကြားခဲ့သည်။
" ဂျပန်နဲ့ တောင်ကိုရီးယားတို့လိုပဲ၊ တရုတ်မှာလဲ ကလေး ၂ ယောက်ပဲ လိုချင်ကြပါတယ်။ ဒါပေမယ့် ဒါက စံပြအခြေအနေတစ်ခုပါ၊ လူအများစုက လက်တွေ့မှာတော့ မတက်နိုင်ကြပါဘူး" ဟု Xian Jiaotong တက္ကသိုလ်မှ လူဦးရေဆိုင်ရာ ပါမောက္ခကျန်းချင်ပေါင်က ပြောကြားခဲ့သည်။
“တရုတ်မှာ ကလေးမွေးဖွားနှုန်းက ၂၀၂၃ ခုနှစ်မှာ ပိုမိုကျဆင်းလာဖွယ်ရှိနေပါတယ်။
တရုတ်မှာ ၂၀၂၂ ခုနှစ်က လူဦးရေတိုးနှုန်း ကျဆင်းခဲ့ပါတယ်” ဟု ကျန်းက ပြောကြားခဲ့သည်။
တရုတ်မွေးဖွားနှုန်းသည် ၁၉၈၀ ပြည့်နှစ်များတွင် ၂ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၁၅ သို့ ကျဆင်းသွားသည်။ ယင်းက သေဆုံးမှုအများအတွက် အစားပြန်ထိုးနိုင်မည့် မွေးဖွားနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းအောက် နည်းနေသည်။
တရုတ်သည် တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒကို ၂၀၁၆ ခုနှစ်တွင် ပယ်ဖျက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကလေး ၃ ယောက် မူဝါဒကို ပြဋ္ဌာန်းခဲ့ကာ အခွန်နှင့် အခြားမက်လုံးများပေးခဲ့သည်။