သတင်းသမားများအတွက် အန္တရာယ်အရှိဆုံး နိုင်ငံများစာရင်းတွင် ပါကစ္စတန် ပါဝင်

By ANI
14 January 2023
သတင်းသမားများအတွက် အန္တရာယ်အရှိဆုံး နိုင်ငံများစာရင်းတွင် ပါကစ္စတန် ပါဝင်

 

ပါကစ္စတန်သည် သတင်းသမားများအတွက် အန္တရာယ်အရှိဆုံးနိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေသည်။ သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရသော နိုင်ငံစာရင်းတွင် ပါကစ္စတန်သည် အဆင့် ၅ နေရာတွင် ရှိကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ နောက်ဆုံး အစီရင်ခံစာတွင်ဖော်ပြထားသည်။ ပါကစ္စတန်တွင် ၂၀၀၃ ခုနှစ်ကတည်းက သတင်းထောက် ၉၃ ယောက် အသတ်ခံခဲ့ရသည်။

ပါကစ္စတန်က အဆိုပါစာရင်းတွင် ထိပ်ဆုံး၌ ရှိနေခြင်းသည် နိုင်ငံခေါင်းဆောင်များအတွက် အရှက်ရစရာ ဖြစ်ပြီး အားနည်းသော ဒီမိုကရေစီအတွက် သက်သေတစ်ခု ဖြစ်နေသည်။ တရားဝင်စစ်ပွဲမဖြစ်ပွားသည့် နိုင်ငံစာရင်းတွင် ပါနေသော်လည်း သတင်းထောက်များအတွက် ယခုအခြေအနေသည် မလုံခြုံသေးပါ” ဟု Dawn သတင်း၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

ပါကစ္စတန်တွင် သတင်းသမားများသည် စစ်သွေးကြွများနှင့်သောင်းကျန်းသူများသာမက အစိုးရကျောထောက် နောက်ခံပြုသူများ၏ သတ်ဖြတ်မှုကိုပါ ခံနေရသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ ထိုသတ်ဖြတ်မှုများအတွက် အမှန်တရားနှင့် တရားမျှတမှုကို ဖော်ထုတ်ရန် ခဲယဉ်းနေပြီး လူသတ်သမားများမှာ လွတ်မြောက်နေကာ မိသားစုဝင်များမှာလည်း အဖြေမထုတ်နိုင်ဘဲဖြစ်နေသည်။

 ကင်ညာတွင် မကြာသေးမီက ရှုပ်ထွေးသော အခြေအနေ၌ ပါကစ္စတန်သတင်းထောက် အာရှက်ရှရှစ်ဖ် သတ်ဖြတ်ခံရခြင်းသည် ယင်းအချက်ကို မီးမောင်းထိုးပြခြင်းသာဖြစ်ပြီး ပါကစ္စတန်သတင်းထောက်များနှင့် အတိုက်အခံများသည် နိုင်ငံပြင်ပတွင်ပင် ခြိမ်းခြောက်မှုများနှင့် မလွတ်ကြောင်း ညွှန်ပြနေသည်။

ပါကစ္စတန်အနေဖြင့် ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ်လုပ်ဆောင်ပါက ရှုတ်ချခြင်းနှင့် စုံစမ်းစစ်ဆေးမှုဆိုင်ရာ ကြေညာချက်များကို ထုတ်ပြန်နေခြင်းထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်။ သို့မဟုတ်ပါက ပါကစ္စတန်သည် အမည်ခံဒီမိုကရေစီနိုင်ငံအဖြစ်သာ ရပ်တည်နေမည်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required