ထိုင်ဝမ်တွင် တရုတ်အတွက် သူလျှိုလုပ်သော စစ်သား ၇ ဦး စွဲချက်တင်ခံရ

By Taipei Times
12 January 2023
ထိုင်ဝမ်တွင် တရုတ်အတွက် သူလျှိုလုပ်သော စစ်သား ၇ ဦး စွဲချက်တင်ခံရ

 

တရုတ်သို့ စစ်ရေးလျှို့ဝှက်ချက်များအား ရောင်းစားသည်ဟူသော စွပ်စွဲချက်များဖြင့် အရာရှိဟောင်းနှင့်တာဝန် ထမ်းဆောင်ဆဲစစ်အရာရှိ ၇ ဦးအား ထိုင်ဝမ်ကောင်ရွှန်းခရိုင် အစိုးရတရားရုံးက ဇန်နဝါရီလ ၄ ရက်တွင် တရားစွဲ ဆိုခဲ့ကြောင်း Central News Agency (CNA) က ဖော်ပြသည်။

ရဲတပ်ဖွဲ့က နေအိမ်နှင့် ရုံးခန်းများကို ဇန်နဝါရီလ ၃ရက်က ဝင်ရောက်စီးနင်းပြီးနောက် သံသယရှိသူများကို ဖမ်းဆီးခဲ့သည်။ အစိုးရရှေ့နေများက နာရီပိုင်းအကြာ၌ တရားရုံးကြားနာမှုတွင် စွဲချက်တင်ခဲ့သည်။

သံသယရှိသူ ၄ ဦးကို ရမန်ဖြင့် ချုပ်နှောင်ထားခဲ့သည်။ ၎င်းတို့မှာ အုပ်စုခေါင်းဆောင် အငြိမ်းစား လေတပ် ဗိုလ်မှူးကြီး လျူ၊ စစ်ဦးစီးအရာရှိအဆင့်စစ်မှုထမ်း ၃ ဦး ဖြစ်သည့် လေတပ်နှင့်ရေတပ်တွင် တာဝန်ထမ်းဆောင် နေသည့် ဒု-ဗိုလ်မှူးကြီး ဆန်း၊ ဗိုလ်မှူး ကွန်နှင့် ဗိုလ်မှူးလျှိုတို့ ဖြစ်ကြသည်။

ထို့နောက် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် ကြည်းတပ်မှ ၁ ဦးအပါအဝင် ဗိုလ်မှူး ၃ ဦးအား ထိုင်ဝမ်ဒေါ်လာ ၁၀ဝ ဝဝဝ နှင့်  ၂၀ဝ ဝဝဝ အကြား အာမခံငွေဖြင့် ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါ ဗိုလ်မှူး ၃ ဦးသည် အုပ်စုခေါင်းဆောင်နှင့် အဆက်အသွယ်ရှိနေဆဲဟု သံသယရှိသော်လည်း ၎င်းတို့က ခေါင်းဆောင်အကြောင်း သတင်းအချက်အလက် မပေးနိုင်သဖြင့် အစိုးရရှေ့နေများက ၎င်းတို့အား ရမန်ဖြင့် မချုပ်တော့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်ကို ကိုးကား၍ CNA သတင်းကဖော်ပြခဲ့သည်။

စစ်တပ်မှ အနားယူပြီးနောက် ဗိုလ်မှူးကြီးလျူသည် တရုတ်အတွက် သူလျှိုလုပ်ရန် တာဝန်ပေးခြင်းခံရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

လျူသည် ၂၀၁၃ ခုနှစ်တွင် တရုတ်သို့ စီးပွားရေးကိစ္စခရီးသွားချိန်တွင် သိမ်းသွင်းခံရပြီးနောက် ထိုင်ဝမ်တွင် သတင်းပေးကွန်ရက်တစ်ခုကို တည်ထောင်ခဲ့ကာ ၎င်း၏ စစ်သားအဆက်အသွယ်များထဲမှ လူများအား စုဆောင်းခဲ့ပြီး ထိုင်ဝမ်ဒေါ်လာ ၃၀ ၀၀၀ မှ ၁၀၀ ၀၀၀ အထိပေးခဲ့သည်ဟု ဆိုသည်။

တရုတ်သို့ ပေးအပ်သည့် သတင်းအချက်အက်များထဲတွင် ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့များ ဖြန့်ကြက်မှုနှင့် အခြားအရေးကြီးသော သတင်းအချက်အလက်များပါဝင်ကြောင်းလည်း CNA သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly