တူရကီရှိ ဝီဂါများအား နေရပ်ပြန်မပို့ရန် အဝေးရောက်အရှေ့တာကစ္စတန်အစိုးရ တောင်းဆို

By Devdiscourse
11 January 2023
တူရကီရှိ ဝီဂါများအား နေရပ်ပြန်မပို့ရန် အဝေးရောက်အရှေ့တာကစ္စတန်အစိုးရ တောင်းဆို

 

ဝီဂါများကို ဖမ်းဆီးခြင်း၊ နေရပ်ပြန်ပို့ခြင်းနှင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ရန် အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ (ETGE) က တူရကီအစိုးရအား တောင်းဆိုလိုက်ကြောင်း ETGE ၏ တရားဝင် ဝက်ဘ်ဆိုက် east-turkistan.net တွင် သတင်းထုတ်ပြန်ထားသည်။

ETGE သည် ဝါရှင်တန်ဒီစီတွင် ရုံးစိုက်ပြီး ဝီဂါများ၊ ကာဇက်များ၊ အရှေ့တာကစ္စတန်မှ အခြားလူမျိုးများက  ပါလီမန်စနစ်အတိုင်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော တရားဝင်အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတကာနယ်ပယ်တွင် အရှေ့တာကစ္စတန်ပြည်သူများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည်။

" AKP ပါတီဦးဆောင်သော တူရကီအစိုးရသည် ဝီဂါများ၏ အခွင့်အရေးများကို ကာကွယ်နေကြောင်း တူရကီနိုင်ငံပိုင်မီဒီယာ TRT World က ဒီဇင်ဘာ ၃၀ ရက်က ထုတ်လွှင့်ခဲ့သော်လည်း တူရကီသည် ၎င်းနိုင်ငံရှိ အရှေ့တာကစ္စတန်နီ/ဝီဂါတက်ကြွလှုပ်ရှားမှုနှင့် ကမ္ဘာတစ်ဝန်းရှိ အရှေ့တာကစ္စတန်မှ ရွှေ့ပြောင်းနေထိုင်သူများကို တရုတ်နှင့် ပူးပေါင်းပြီး ထောက်လှမ်းစုံစမ်းကာ ဖိနှိပ်နေသည် " ဟု ETGE ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူးက ၂၀၁၇ ခုနှစ်က ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သော တူရကီနှင့် တရုတ် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တရုတ်ရဲ့ လုံခြုံရေးကို တူရကီရဲ့ လုံခြုံရေးလို သဘောထားပြီး တူရကီမှာ ဖြစ်စေ ဒေသတွင်းမှာ ဖြစ်စေ တရုတ်ကို အပျက်သဘောဆောင်တဲ့  လုပ်ဆောင်မှုတွေကို ခွင့်ပြုမှာ မဟုတ်ပါဘူးဟု ပြောကြားခဲ့သည်။

အစည်းအဝေးအပြီးတွင် အစ္စတန်ဘူလ်မြို့ရှိ ဝီဂါအများအပြားကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ထိန်းသိမ်းရေး စခန်းများသို့ ပို့ခဲ့သည်။

ထိုလုပ်ရပ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ အရှေ့တာကစ္စတန်/ဝီဂါရွှေ့ပြောင်းနေထိုင်သူများက လူမှုမီဒီယာတွင် ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူးက ဝီဂါများကို ပြည်နှင်ဒဏ်ပေးသည်ဟူသော သတင်းကို ငြင်းဆိုခဲ့ပြီး စွပ်စွဲချက်များသည် အလိမ်အညာများဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required