အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ရဲ့ စိတ်အခြေအနေ ပုံမှန်ဟုတ်ရဲ့လား (ဆောင်းပါး)

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ရဲ့ စိတ်အခြေအနေ ပုံမှန်ဟုတ်ရဲ့လား (ဆောင်းပါး)

လျှပ်စစ်မီးတောင် ပုံမှန်မပေးနိုင်ဘဲ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ ထုတ်လုပ်မယ်ဆိုတဲ့စကားကို စစ်ခေါင်းဆောင် ပြောခဲ့တာ ပြည်သူအားလုံးအတွက် ရယ်စရာ ဖြစ်ခဲ့တာပါ။စစ်ကောင်စီတပ်တွေက အကြမ်းဖက် လူသတ်နေတဲ့ အချိန်မှာ ဘာသာရေးပွဲတွေ တက်ပြီး ငြိမ်းချမ်းရေး အကြောင်း ပြောတာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါပဲ။လွတ်လပ်ရေးနေ့ကို ကျပ်သိန်းပေါင်းသောင်းချီ အကုန်အကျခံ ကျင်းပပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးပြီးသူတွေအပါအဝင် လူပေါင်းများစွာကို ဂုဏ်ထူးဆောင်ဘွဲ့တွေပေးတာမျိုးလည်း စစ်ကောင်စီ ခေါင်းဆောင်က လုပ်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အစိုးရ လက်ထက်မှာ စီးပွားရေးကျဆင်းခဲ့ပြီး စစ်ကောင်စီ လက်ထက်မှာမှ စီးပွားရေး ပြန်ဦးမော့လာတယ်လို့ ပြောသွားပါသေးတယ်။ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ပြီး ကုန်ဈေးနှုန်းတွေကတက်၊ ခိုးဆိုးလုနှိုက်တွေ ပေါများလာလို့ လူတိုင်း သတိနဲ့နေထိုင်နေရတဲ့ အချိန်မှာ ဒီလိုစကားတွေ ပြောရဲတာ စစ်ခေါင်းဆောင်ရဲ့ စိတ်က ပုံမှန်မဟုတ်လို့ ဆိုတဲ့ အဖြေကလွဲလို့ တခြားမရှိပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required