စစ်တပ်ထုတ်ကုန်များမသုံးစွဲကြရန် လောင်းလုံးတွင် တော်လှန်ရေးလူငယ်များ စည်းရုံးလှုံ့ဆော် ဆန္ဒပြ

By ကိုရွှေမြိတ် (မဇ္စျိမ)
10 January 2023
စစ်တပ်ထုတ်ကုန်များမသုံးစွဲကြရန် လောင်းလုံးတွင် တော်လှန်ရေးလူငယ်များ စည်းရုံးလှုံ့ဆော် ဆန္ဒပြ

ဇန်နဝါရီ ၁၀ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံး လှုံ့ဆော်ရေးဆပ်ကော်မတီမှဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာအချို့တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ညနေပိုင်းက စစ်တပ်ထုတ်ကုန်များမသုံးစွဲရေး စည်းရုံးလှုံ့ဆော်ကာ စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် လူထုတော်လှန်ရေး‌အောင်မြင်ရန်အတွက် အကြမ်းဖက်စစ်တပ်ကို ကျားကန်ပေး ထားသော ထောက်တိုင်များအနက်မှတစ်ခုဖြစ်သည့် စစ်အုပ်စု၏ စီးပွားရေးထောက်တိုင်များကို ဖြိုချပစ် နိုင်ရန်အရေးကြီးကြောင်း လှုံ့ဆော်ပြောကြားခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly