တရုတ်နိုင်ငံမှ ခရီးသွားများကို မြောက်ကိုရီးယားက  ယာယီ ပိတ်ပင်ထား

By VOA
10 January 2023
တရုတ်နိုင်ငံမှ ခရီးသွားများကို မြောက်ကိုရီးယားက  ယာယီ ပိတ်ပင်ထား

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မှုများကို နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်နေချိန်တွင် မြောက်ကိုရီးယားသည် အိမ်နီးချင်း မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံမှ ခရီးသွားများကို လုံးဝ ပိတ်ပင်လိုက်သည်။

“မြောက်ကိုရီးယားက တရုတ်နိုင်ငံသားတွေကို နိုင်ငံတွင်း ဝင်‌ရောက်မှု ခေတ္တတားမြစ်ထားပါတယ်” ဟု တရုတ်နိုင်ငံလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲရေး ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသားများအပါအဝင် တရုတ်နိုင်ငံမှ မကြာသေးမီက ရောက်ရှိလာသူအားလုံးကို ရက်ပေါင်း ၃၀ သီးသန့်ခွဲထားပြီး စောင့်ကြည့်သွားမည်ဟု ဆိုသည်။

ထိုတားမြစ်ချက်ကို ချမှတ်ခဲ့သည့်အချိန်နှင့် မည်မျှကြာကြာ သက်ရောက်မှုရှိမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တရုတ်အစိုးရက ပြည်တွင်းခရီးသွားများအတွက် သီးခြားခွဲထားစောင့်ကြည့်မှုအား အဆုံးသတ်ကြောင်းနှင့် နိုင်ငံသားများအား ပြည်ပထွက်ခွင့်ပြုကြောင်း ယခုသီတင်းပတ်တွင် ကြေညာပြီးနောက် တရုတ်နိုင်ငံသားများက ပြည်ပခရီးထွက်လိုမှု မြင့်တက်လာသဖြင့် နိုင်ငံအများအပြားသည် တရုတ်နိုင်ငံမှခရီးသည်များကို ကန့်သတ်ချက်အသစ်များ ချမှတ်ကြောင်း ကြေညာထားကြသည်။

ထို့ပြင် အသွားအလာပိတ်ဆို့မှုနှင့် ကိုဗစ်လုံးဝင်းစင်ရေးစီမံချက်များကို ဖြေလျှော့လိုက်မှုကြောင့် တရုတ်နိုင်ငံတွင် ရောဂါကူးစက်မှုအသစ်များ များပြားလာပြီး ကိုဗစ်ကူးစက်မှု ဖြစ်စေသော ကိုရိုနာဗိုင်းရပ်မျိုးကွဲများ ထပ်မံပေါ်ပေါက်လာမည်ကို စိုးရိမ်လာကြသည်။

မြောက်ကိုရီးယား၏ ခရီးသွားလာခွင့် ပိတ်ပင်မှုသည် အခြားနိုင်ငံများမှ လုပ်ဆောင်သည့် စည်းကမ်းချက်ထက် ပိုမိုများပြားပြီး နိုင်ငံအများစုက တရုတ်နိုင်ငံမှ ဆိုက်ရောက်ခရီးသည်များအား  ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ချက်ထောက်ခံစာ ပြရန်သာ ညွှန်ကြားထားသည်။

"နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားသော နမိုးနီးယား အဆုတ်ရောင်ရောဂါကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန်  နိုင်ငံများနှင့်ဒေသအချို့သည် ၎င်းတို့နယ်စပ်များကို ထိန်းချုပ်ရန် အစီအမံများကို  ချမှတ်ခဲ့သည်" ဟု နိုင်ငံလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲမှု ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly