ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံး

By ANI
10 January 2023
ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံး

ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်၌ ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ကာ အသတ်ခံခဲ့ရသော လာဟိုးမြို့မှ ရဲဝန်ထမ်းများတွင်   ဒုရဲအုပ် ၁ ဦး၊ ရဲတပ်သား ၃ ဦးနဲ့ ယာဉ်ထိန်းရဲ ၁ ဦးတို့ ပါဝင်ကြောင်း The News International က ဖော်ပြသည်။

ယခုအချိန်ထိ ပန်ဂျပ်ရဲတပ်ဖွဲ့မှ အရာရှိနှင့် အမှုထမ်း စုစုပေါင်း ၁ ၅၉၀ ဦးသည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အသတ်ခံခဲ့ရသည်။  ၂၀၂၂ ခုနှစ်တွင် အသတ်ခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် ၉ ဦး၏ မိသားစုဝင်များအတွက် ရူပီး ၁၃၇ ဒသမ ၅၀ သန်းကို ထောက်ပံ့ပေးခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင်များအတွက်လည်း  အပြီးသတ်ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။

ထို့ပြင် ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်၌ အကြမ်းဖက်တိုက်ခိုက်မှုအကြိမ်ရေ အများဆုံးဖြစ်ပွားခဲ့ပြီး   ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်း တိုးလာကြောင်း The Nation သတင်းက ဖော်ပြခဲ့သည်။

ပါကစ္စတန်သည် ၂၀၂၁ ခုနှစ်တွင် အသေခံ ဗုံးခွဲမှု ၄ ကြိမ်သာ ဖြစ်ပွားခဲ့သည်ဟု စာရင်းထုတ်ပြန်ခဲ့သော်လည်း အသေခံ ဗုံးခွဲမှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

အစ္စလာမာဘတ် အခြေစိုက်လုံခြုံရေးအကြံပေးအဖွဲ့ Pakistan Institute for Conflict and Security Studies (PICSS) မှ ထုတ်ပြန်သည့် အချက်အလက်အရ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် ၁ နှစ်တာအတွင်း အသေခံ ဗုံးခွဲမှု အရေအတွက်အများဆုံးဖြစ်သည်ဟု The Nation က ဖော်ပြခဲ့သည်။

ထို့ပြင်  ၂၀၂၂ ခုနှစ်တွင် ဒဏ်ရာရသူဦးရေ ၃၅ ​​ရာခိုင်နှုန်း တိုးလာသလို သေဆုံးမှုမှာလည်း ၃၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်၌ အကြမ်းဖက်တိုက်ခိုက်မှု ၃၇၆ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၃၃ ဦးနှင့် ၈၃၂ ဦး ဒဏ်ရာရရှိခဲ့သည် ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly