ဂန္ဓဝင်ကချင်အဆိုတော် တေးရေးဆရာမကြီး အင်ဖန်းဂျာရာ ကွယ်လွန်

ဂန္ဓဝင်ကချင်အဆိုတော် တေးရေးဆရာမကြီး အင်ဖန်းဂျာရာ ကွယ်လွန်

ဇန်နဝါရီလ ၉ ရက်

ဂန္ဓဝင် ကချင်အဆိုတော် တေးရေးဆရာမကြီး အင်ဖန်းဂျာရာ (U Yen Sinwa Nhpan Ja )သည် ယနေ့ (ဇန်နဝါရီလ ၉ ရက်နေ့) နံနက်တွင် မြစ်ကြီးနားမြို့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။

အင်ဖန်းဂျာရာသည် ဒီဇင်ဘာလ ၅ရက်နေ့ညနေက အသက်ရှုကြပ်လာသည့်အတွက် မြစ်ကြီးနားမြို့ရှိ ရင်စိန်အဆင့်မြင့်ဆေးရုံးကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေခဲ့ခြင်းဖြစ်ကာ ယနေ့နံနက် ၉ နာရီခွဲအချိန်မှာတော့ အသက်ဆုံးပါးသွားခြင်းဖြစ်သည်။

ဆရာမကြီး အင်ဖန်းဂျာရာသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ရေးထိုးစဥ်က ပါဝင်ခဲ့ကာ ဂုဏ်ပြုသီချင်း သီဆိုခဲ့သူဖြစ်ကာ ၁၉၄၈ ခုနှစ်မှာ ပထမဆုံး ကချင်အမျိုးသား ဂန္တဝင်သီချင်းများရေးသားသီကုံးသူဖြစ်လာခဲ့သည်။

၁၉၆၉ - ၇၄ ခုနှစ်တွင် ကချင်ပြည်နယ်မှာ ပထမဆုံးသော တေးဂီတအဖွဲ့ဖြစ်လာသည့် မွေးရပ်မြေ (Buga Band) ကို တည်ထောင်ခဲ့သည်။

၁၉၅၄ ခုနှစ်မှာ First (B.B.S) The First Kachin Woman Stereo & Radio Vocalist at Burma Broadcasting Service In Kachin Section ကို ဦးဆောင်ခဲ့သူဖြစ်သည်။

သီချင်းပေါင်း ၆၀၀ ကျော်ကို ဂျိန်းဖော၊ ဗမာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးစပ်ထားပြီး နိုင်ငံကျော်သီချင်းများ၊ အချစ်သီချင်းများ၊ ဓမ္မတေးသီချင်းများနဲ့ နိုင်ငံတော် ဂုဏ်ပြုသီချင်းများကိုလည်း သီဆိုခဲ့သူဖြစ်သည်။

ကချင်အနုပညာ သုခုမမိခင်ကြီး အင်ဖန်းဂျာရာက ( ၁၉၅၅ -၈၈ ) ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်နယ်အားကာဦးစီးမှုးဖြစ်လာပြီး အမျိုးသမီးများထဲတွင် ပထမဦးဆုံးသော ပြည်နယ်အားကာမှူးဖြစ်လာခဲ့သည်။

ထို့အပြင် (၁၉၇၂ - ၇၈) ခုနှစ်များမှာ တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ကချင်လူမျိုးများ ၏ ပထမဦးဆုံးသော အမျိုးသမီး တရားသူကြီးဖြစ်ခဲ့သည်။

ထို့အပြင် ၁၉၇၅ ခုနှစ်က ကချင်ပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့သည့် (၂၈) နှစ်မြောက် ပြည်ထောင်စုနေ့ အ ခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည့် ပထမဆုံးသော ကချင်အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။

၁၉၉၀ - ၉၆ ခုနှစ် ကချင်နှစ်ခြင်းခရစ်ယာန် (မူရင်း) အသင်းချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သည်။

ကချင်လူထုကြားမှာ သြဇာတိက္ကမကြီးမားတဲ့ ကချင် အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) ရဲ့ အတိုင်ပင် ခံ (Consultant) လည်း ဖြစ်သည်။

သူ၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာပေါင်းစုံ ဝန်ပေါင်း (နောင်းနန်) သင်းချိုင်းမှာ မြေမြုပ်မြုပ်နှံသွားမှာ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူများက ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly