မင်းတပ်မြို့နယ်တွင် စကစ စစ်ကြောင်းလှုပ်ရှားမှု့ များ အသိ​ပေးသတင်းထုတ်ပြန်ခြင်း

မင်းတပ်မြို့နယ်တွင် စကစ စစ်ကြောင်းလှုပ်ရှားမှု့ များ အသိ​ပေးသတင်းထုတ်ပြန်ခြင်း

ဇန်နဝါရီလ ၈ ရက်နေ့

အကြမ်းဖက် စကစ လက်အောက်ခံ ခလရ (၂၇၄)နှင့် ပူးပေါင်း စစ်ကြောင်းအင်အား (၁၀၀) ခန့် သည် မင်းတပ်မြို့နယ် အနောက်ဘက် လီလောင်းကျေးရွာမှတဆင့် တောင်ကျောများအတိုင်း စစ်​ကြောင်းနှစ်ပိုင်းခွဲ၍ ဆက်လက်ထွက်ခွာ သွားပါသည်။

နောက်ထပ်အကြမ်းဖက် စကစ စစ်ကြောင်းတစ်ခုသည်လည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁) ရှိ ဝီလူးရွာသစ်နှင့် ပိန်ရိန်းရွာကြားတွင် စစ်ရေးလှုပ်ရှားမှု့များ ပြုလုပ်လျက်ရှိပါသည်။

အကြမ်းဖက် ၊ဖက်ဆစ်တပ်သည် ​မင်းတပ်မြို့နယ်ပေါ်တွင် စဥ်ဆက်မပြတ် လေကြောင်းကင်းထောက်မှု့များ ၊တိုက်လေယာဥ်ပျံသန်းမှု့များ ပြုလုပ်လျက်ရှိပါသည်။

အကြမ်းဖက် စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်းရှိ တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ပြီး အပစ်မဲ့ ပြည်သူများရှိရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်းစသည့် စစ်ရာဇဝတ်မှု့ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်း ပတ်ဝန်းကျင်များတွင် သွားလာခြင်း၊တောင်ယာ လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း ခေတ္တ ရပ်ဆိုင်းထားရန် အသိပေးအပ်ပါသည်။

CDF-Mindat နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေနိုင်ပြီး တိုက်ပွဲများဆက်လက် ပိုမိုပြင်းထန်လာနိုင်ပါသည်။

ယခုအချိန်ထိ နှစ်ဖက် ထိခိုက်သေဆုံး၊ဒဏ်ရာ ရရှိမှု့များ မသိရသေးပါ။

CDF-Mindat (သတင်းနှင့် ပြန်ကြားရေးဌာန)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly