ဖားကန်မှာ ရေမဆေးများ အဖမ်းခံရ

ဖားကန်မှာ ရေမဆေးများ အဖမ်းခံရ

ဇန်နဝါရီလ ၈ ရက်

ဖားကန့်မြို့ ဗလခမှော်နှင့် မော်မောင်းလျန်မှော်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေသူများကို ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ် အင်အား ၃၀ခန့်က မော်မောင်းလျန်နှင့် ဗလခမှော်အတွင်းသို့ ယမန်နေ့(ဇန်နဝါရီလ၇ရက်) ညနေ ၄နာရီခန့်တွင် ကားများဖြင့် ရောက်လာပြီး သေနတ်ပစ်ဖောက်ဝင်စီးနင်းခဲ့သည်ဟု သိရသည်။

" သေနတ်ပစ်ဖောက်ပြီး ဝင်လာတာ။ဖ ကုမ္မဏီဝန်ထမ်းတွေကို စစ်တယ်။ ရေမဆေးတွေက ထွက်ပြေးကြတယ်။ မိသွားတာက ၅၀လောက်ရှိတယ်"ဟု ရေမ ဆေးကျောက်ရှာသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံလိုက်ရသူများအနက် အချို့သည်

ယနေ့(ဇန်နဝါရီ ၈ရက်)တွင် ပြန်လွတ်လာသော်လည်း ၂၀ဦးခန့် အဖမ်းခံထားရဆဲဟု ဒေသခံများကပြောသည်။

" စစ်တပ်က လူထုကို ပြဿနာလိုက်ရှာနေတာဗျ။ ဘာမှမဆိုင်တဲ့လူတွေကို ဖမ်းနေတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ခန့်ကလည်း ဖားကန့်မှ ကျောက်စိမ်းကုမ္မဏီလုပ်ကွက်တစ်ခုအတွင်း ဝင်ရောက်ကာ စက်ယန္တရားများ၊ဆီပေပါများကို မီးရှို့ဖျက်ဆီးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly