နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၈ ဇန်နဝါရီ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၈ ဇန်နဝါရီ၂၀၂၃ ) 

ဇန်နဝါရီလ ၈ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့နှင့် (၆) ရက်နေ့တွင်စတင်ပြီး ပုသိမ်ထောင် အတွင်းအကြမ်းဖက် စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းတွေရဲ့ အကြမ်းဖက်မှု ကြောင့် မတရား ဖမ်းဆီး အကျဉ်းချခံ နေရတဲ့ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ (၇၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ၊ တစ်ဦးပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနက က သတင်းထုတ် ပြန်ပါတယ်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • သီတဂူဗုဒ္ဓတက္ကသိုလ် နာယက ဆရာတော် အရှင်ဂန္ဓသာရကို ပျူစောထီးများပူးပေါင်းထားသော စစ်ကောင်စီတပ်က သတ်ဖြတ်သွားခြင်းဖြစ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကိုင်းခရိုင် တပ်ရင်း (၁)က ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှု အဖွဲ့မှ ၄ ကျောင်းမြောက် စာသင်ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် Super One KTV ဆိုင်အား လက်ပစ်ဗုံး အစစ်ဖြင့် ပစ်ခတ်ကာ ဖောက်ခွဲတိုက်ခိုက် သတိပေးခဲ့ကြောင်း Black Rangers Force ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက် ဆီး နေပြီး ပြည်သူများ ထွက် ပြေးတိမ်း ရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မုံရွာဘက်သို့ ယနေ့ နံနက်ပိုင်း လာသော စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရပြီး စစ်သားများ သေဆုံးထိခိုက်မှုရှိကြောင်း People's Army To Fight Dictatorship(PAFD)က ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက် ဆီး နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်၌ အင်တာနက် လိုင်း များပြန်လည်ရရှိခဲ့သော်လည်း ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပြန်လည် ဖြတ်တောက်သွား ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ် ၊ရွာသာရွာမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဆိုသူများကို ယမန်နေ့ကအလစ်အငိုက် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ နှစ်ဦးသေဆုံးသွားကြောင်း Black Wolf -Army မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖြိုနိုင်စေရန် “မမများနဲ့ ပွဲကမယ်” မှ စီစဉ်သည့် “စတုတ္ထမမ”အစီအစဉ်တွင် ပါဝင် ထောက်ပို့လှူဒါန်းနိုင်ကြောင်း သိရှိရသည်။ 

  • ရန်ကုန်မြို့တစ်နေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "တိုက်တိုင်းရှုံး ပစ်တိုင်းသေ အဲ့ဒါစစ်ခွေးတွေ" ပြည်သူ့ကျိန်စာ စာတန်းအား ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကတုံးပေါ်နယ်မြေရဲစခန်းကို ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် ဝင်ရောက်စီးနင်းမှုဖြစ်ပွားပြီး ရဲစခန်းကိုပါ မီးရှို့သွား ကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အပါအဝင် ထိစပ်မြို့နယ်များဖြစ်သော ဒဂုံမြိုသစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်များအတွင်း ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ မြေပြင်လူဦးရေ စာရင်း ကောက်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူရုံးအဖွဲ့ဝင်များက လိုက်လံနှိုးဆော်လျက်ရှိသည်။ 

  • ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများ အား လုံး တွင် စစ်ကောင်စီ၏ အောက်ခြေ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူး များ က နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်များ နေအိမ်တိုင်း၏ ရှေ့မျက်စာနှာတွင် ထားရှိရန် လော်စပီကာများဖြင့် လိုက်လံအော်ဟစ်ကြောင်း သိရှိရသည်။ ‌ 

  • တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ကိုရီးယားနိုင်ငံသားများ ပူးပေါင်းကာ မြန်မာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပြီး အခမ်းအနားတွင် စည်းလုံး ညီညွတ်ရေးနှင့် ထောက်ပို့ရေး အရေးကြီးကြောင်း ဒယ်ဂူး ဘုန်းဘုန်းမှ မိန့်ကြားခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံအဖွဲ့များက နေအိမ် ၁၉၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Southern Monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြထားသည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ်အမှတ်(၁)နှင့် အမှတ်(၃)ကျေးရွာ များဘက်သို့ ဇန်နဝါရီ ၆ ရက်နေ့မှစတင်ပြီး မင်းတပ်မြို့ပေါ်မှ တပ်ရင်း(၂၇၄)က အင်အား ၁၀၀ ဝန်း ကျင်ဖြင့် မင်းတပ်-မတူပီလမ်း အတိုင်း စစ်ကြောင်းတစ်ကြောင်းနှင့် ထီးလင်းဘက်ခြမ်း ချင်းနှင့်မကွေး နယ်စပ်မှ အင်အား ၈၀ ခန့် စစ်ကြောင်းတစ်ကြောင်း တက်လာနေသည်ဟု ဒေသခံများထံမှသိရသည်။ 

  • ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သို့ ခိုလှုံလာသော CDM တပ်သားက စစ်ကောင်စီလက် အောက်တွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့များအား လက်နက်နှင့်အတူ ပြည်သူရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခို လှုံကြရန် ဖိတ်ခေါ်လိုက်သည်။ 
     

စစ်ကောင်စီ 

  • လွတ်လပ်ရေးနေ့မှာ မွေးသည့် ကလေးငယ် အယောက် ၄၀ ကို အကြမ်းဖက်စစ်ခေါင်းဆောင်က တစ်ဦး ကျပ် ၁ သိန်း ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေး က ထုတ်ပြန်ထားသည်။ 

  • ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပတ်စ်ပို့ သက်တမ်းတိုး ရက်ချိန်းတိုကင်များကို အပတ်စဉ် စနေနေ့တိုင်းထုတ်ပေးမည်ဖြစ်ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ပြောသည်။ 

  • ညောင်ရွှေမြို့နယ်တွင် အင်းတိန်ကျေးရွာ၊ အင်းတိန်ညောင်အုပ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးဇဝန ကို အကြမ်းဖက်စစ်ကောင်စီမှ ဒီဇင်ဘာလ ၂၇ ရက်က PDF နှင့်ပတ်သက်သည်ဟု စွတ်စွဲကာ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။ 

  • လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရန် လိုအပ်လာပါက ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည်ဖြစ်ကြောင်း အာဏာလုအကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ နေအိမ်များအားလုံးတွင် မီးချိတ် မီးကတ်များ၊ သဲအိတ်၊‌ ရေအိတ်များ ထားရှိရမည်ဟု ညွှန်ကြားချက် ထုတ်ပြန် လာပြီး မထားရှိသည့်နေအိမ်များကို ဒဏ်ငွေ အနည်း ဆုံး ၅ သောင်းမှ အများ ဆုံး‌ ငွေကျပ် ၂ သိန်းအထိ ဒဏ်ရိုက်မည့်အပြင် ထောင်ပါချမည်ဟု ခြိမ်း ခြောက် နေကြောင်း သိရှိရသည်။ 
     

ဇန်နဝါရီ ၈ ရက် သုံးသပ်ချက် 

  • အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကို အနည်းငယ်မျှ မထောက်ခံကြောင်း ပြသမိသည်နှင့် သံဃာများ ကိုပင် အကြောင်းမဲ့ဖမ်းဆီးနေသည်။ယင်းအပြင် မြေပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ် များဖြင့် ထိပ်တိုက်တွေ့၍ အထိနားတပ်ပျက်ခဲ့ရပြီဆိုလျှင်လည်း အနီးအနားတဝိုက်တွင်ရှိသည့် ဘုရားစေတီ များ၊ဘုန်းကြီးကျောင်းများအပါအဝင် သံဃာတော်များကိုပင် မီးရှို့သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကြသည်ကိုတွေ့ရသည်။ 

  • မင်းအောင်လှိုင်တို့စစ်အုပ်စု၏ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ရန် သန်းခေါင်စာရင်ကောက်ရန် ညွှန်ကြားနေသည်။သို့သော်အောက်ခြေတွင် စာရင်းကောက်သည့်အဖွဲ့များမှ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်နေသည်။ 

  • နိုင်ငံတကာတွင် မီးလောင်မှုများကို ခေတ်မီငြိမ်းသတ်နည်းများဖြင့် ပြုုလုပ်နေချိန်တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကနည်းဖြစ်သည့် တဲအိမ် သစ်သားအိမ်များခေတ်က မီးလောင်ချိန်တွင် တစ်အိမ်နှင့် တစ်အိမ်မီးမကူးရန် ပြုလုပ်နိုင်သည့် မီးချိတ် မီးကတ် သဲအိတ်ရေအိတ်များကို အိမ်တိုင်း ဆောင်ခိုင်းနေ သည်။ယင်းအခြေအနေကိုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်သည် အာဏာလို ချင်၍သာ တိုင်းပြည်ကို လုလိုက်သော်လည်း အုပ်ချုပ်နိုင်သည့် ဉာဏ်ရည်ဉာဏ်သွေး မရှိသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly