၂၀၂၂ ခုနှစ်အတွင်း နွေဦးတော်လှန်ရေးအတွက် ကျပ်သိန်းပေါင်း လေးသောင်းကျော် ထောက်ပံ့နိုင်ခဲ့သည်ဟု Click2donate ဆို

၂၀၂၂ ခုနှစ်အတွင်း နွေဦးတော်လှန်ရေးအတွက် ကျပ်သိန်းပေါင်း လေးသောင်းကျော် ထောက်ပံ့နိုင်ခဲ့သည်ဟု Click2donate ဆို

ဇန်နဝါရီလ ၈ ရက်

၂၀၂၂ ခုနှစ်အတွင်း နွေဦးတော်လှန်ရေးအတွက် ကျပ်သိန်းပေါင်း လေးသောင်းကျော် ထောက်ပံ့နိုင်ခဲ့သည်ဟု Click2donate က ဆိုသည်။

" ၂၀၂၂ တစ်နှစ်လုံးမှာ စင်္ကာပူဒေါ်လာ ၂.၁၁၉ မီလီယံ (ယခု average ပေါက်စျေးနဲ့ မြန်မာငွေ သိန်းပေါင်း ၄သောင်းကျော် ) နှင့် US ဒေါ်လာ ငါးသောင်းကျော် (မြန်မာငွေ သိန်း တစ်ထောင့်ငါးရာကျော်) ရရှိခဲ့ပါတယ်ခင်ဗျာ။ အဲ့ထဲကမှ သိန်းပေါင်းတစ်ထောင်လောက် ပေးပို့ဖို့ကျန်ပြီး ပေးပို့နေဆဲဖြစ်ပြီး ကျန်တာတွေအားလုံးကတော့ အဖွဲ့ပေါင်း ရာချီဆီကို ပေးပို့ထားပြီးဖြစ်ပါတယ်ခင်ဗျာ" ဟု Click2donate က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေရှာဖွေကာ တော်လှန်ရေးအတွက် ထောက်ပံ့မှုတွင် Click2donate မှာ အများဆုံးထောက်ပံ့ပေးနိုင်သည့် အဖွဲ့အစည်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Click2donate မှ Youtube တွင် တော်လှန်ရေးနှင့် သက်ဆိုင်သည့် ရုပ်သံဇာတ်လမ်းတိုများ၊ သီချင်းများကို တင်ပေးနေပြီး ဝင်ရောက်ကြည့်ရှုသူ အများအပြားရှိသည်။

" အင်မတန်လွယ်ကူရိုးရှင်းပြီး တစ်နေ့ကို နာရီဝက် သုံးခါလောက်အချိန်လေးပေးယုံနဲ့ PDF ကလေးတွေအတွက် သိန်းပေါင်း သောင်းနဲ့ချီပြီးရှာပေးနိုင်ဖို့ နေ့စဉ်လူပေါင်းတစ်သိန်း ရှိဖို့လိုပါတယ်ခင်ဗျာ။ ဒီကနေ ပိုက်ဆံဘယ်လောက်ရသလဲဆိုရင် တစ်နေ့ကို လူတစ်သိန်းခွဲလောက်လုပ်ပေးရင် သိန်းငါးရာလောက်အထိရပါတယ်ခင်ဗျာ။ တစ်လကို သိန်းတစ်သောင်းခွဲလောက်ရပါတယ်ခင်ဗျာ။ ဒါကြောင့် လူများများ ပါဝင်ပေးကြပါခင်ဗျာ" ဟု Click2donate က ပြောသည်။

ထို့ပြင် လူအများက "သာဒင်" ဟု ခေါ်ဆိုသည့် ThaDin အက်ပလီကေးရှင်းတွင်လည်း သတင်းများတင်ပေးလျက်ရှိပြီး ယင်းအက်ပလီကေးရှင်းသို့ ဝင်ရောက်ကာ ကြော်ငြာများ ကြည့်ရှုပေးပါက တော်လှန်ရေးအတွက် ထောက်ပံ့နိုင်သည်။

" တစ်ယောက်အားနဲ့ ယူသော်မရ အများအားနဲ့ယူသော်ရ၏ တဲ့။ ဆက်ဆွဲကြမယ် ကလစ်ကာတို့ရေ" ဟု နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် ဒေါက်တာဖြိုးသီဟက ပြောသည်။

Click2donate မှ ရရှိသည့်ရန်ပုံငွေများကို PDF တပ်ဖွဲ့များ၊ UG အဖွဲ့များကို ပေးပို့ထောက်ပံ့လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly