TikTok ၏ ခြိမ်းခြောက်မှုကို ထိုင်ဝမ်ပညာရေးဝန်ကြီးဌာနက မသိကျိုးကျွံပြုနေကြောင်း လွှတ်တော် အမတ်များ စွပ်စွဲ

By Taipei Times
09 January 2023
TikTok ၏ ခြိမ်းခြောက်မှုကို ထိုင်ဝမ်ပညာရေးဝန်ကြီးဌာနက မသိကျိုးကျွံပြုနေကြောင်း လွှတ်တော် အမတ်များ စွပ်စွဲ

 

ထိုင်ဝမ်လူငယ်များအပေါ် TikTok ၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက စစ်တမ်း ကောက်ယူမပေးနိုင်ကြောင်း ငြင်းဆိုသဖြင့် လွှတ်တော်အမတ်များက ဝန်ကြီးဌာနသည် TikTok ၏ ခြိမ်းခြောက်မှုကို မသိကျိုးကျွံ ပြုနေသည်ဟု ဇန်နဝါရီ ၂ ရက်တွင် စွပ်စွဲလိုက်သည်။

တရုတ်လို Douyin ဟုသိကြသည့် TikTok နှင့် အခြားတရုတ်အက်ပ်များ၏ မူလတန်းနှင့် အလယ် တန်းကျောင်းများရှိ ကလေးများအပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာသည့် စစ်တမ်း တစ်ခုပြုလုပ်ရန် ပြည်မ ကြီးရေးရာကောင်စီက ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းခဲ့သည်။

စစ်တမ်းသည် အက်ပ်ကို အသုံးပြုရသည့် အကြောင်းရင်း၊ အသုံးပြုမှု အကြိမ်အရေအတွက်နှင့် ရေလက်ကြား ဖြတ်ကျော်အရေးကိစ္စများနှင့်တရုတ်နိုင်ငံအပေါ် အမြင်များကို အကဲဖြတ်ရန် ရည်ရွယ်သည်။

ဝန်ကြီးဌာနက ယင်းစစ်တမ်းကို ကူညီရန် အကြောင်းမရှိကြောင်း ပြောကြားခဲ့ပြီး ပယ်ဖျက်လိုက်သည်။

TikTok အသုံးပြုသူများ၏ အချက်အလက်များကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ အစိုးရအများအပြားက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ထိုသို့အချက်အလက်များလွှဲပြောင်းမှုသည် ထိုင်ဝမ်၏ နိုင်ငံတော်လုံခြုံရေးကို ကြီးကြီးမားမားအန္တရာယ်ဖြစ်စေနိုင်သည်။

ဗီဒီယိုအတိုများမှ တစ်ဆင့် ညီညွတ်သောတပ်ဦး နိုင်ငံရေးဗျူဟာအကြောင်းကို တရုတ်က တင်ပြမည်ကိုလည်း လွှတ်တော်အမတ်များက စိုးရိမ်နေကြသည်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဥပဒေပြုအမတ် မီရှဲလ်လင်းက ပညာရေးဝန်ကြီးဌာနသည် TikTok စစ်တမ်းနှင့် ပတ်သက်၍ အကူအညီပေးရန် ငြင်းဆိုထားကြောင်း ဇန်နဝါရီ ၁ ရက်က စွပ်စွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly