ရှင်ကျန်းအကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် နာမည်ကျော် ဝီဂါကဗျာဆရာ ကွယ်လွန်

By RFA
09 January 2023
ရှင်ကျန်းအကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် နာမည်ကျော် ဝီဂါကဗျာဆရာ ကွယ်လွန်

 

တင်းကျပ်လွန်းသော ကိုရိုနာဗိုင်းရပ်စ်ပိတ်ဆို့ကန့်သတ်မှုကာလအတွင်း အစားအသောက်နှင့် ဆေးဝါးကုသမှုများ မရရှိခြင်းကြောင့် ထောင်မှလွတ်လာချိန်တွင် ကျန်းမာရေးချို့တဲ့နေသည့် ဝီဂါစာရေးဆရာနှင့် ကဗျာ ဆရာတစ်ဦးသည် ဒီဇင်ဘာ ၁၈ ရက်က ကွယ်လွန်ခဲ့ကြောင်း သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ပြောသည်။

အသက် ၇၂နှစ်အရွယ် အက်ဒူလာ ဆာဝပ်သည် ခေတ်ပြိုင်ဝီဂါစာပေတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ အကျော်ကြားဆုံးဝတ္ထုနှင့် ဝတ္ထုလတ်များမှာ သွေးစွန်းကမ်းခြေ၊ မုန်တိုင်း၊ သံချေးမတက်သည့် ဓား၊ ဘဝစဉ်ဆက်၊ ရှီရက်နှင့် သူတော်စင်မီးတောက်တို့ ဖြစ်သည်။

သူ၏ ရေးသားချက်များတွင် အရှေ့တာကစ္စတန်တော်လှန်ရေးသမိုင်းနှင့် ရှင်ကျန်းရှိ ဝီဂါအမည်များကို အလေး ပေးဖော်ပြခဲ့ပြီး သမိုင်းဝင်ဝီဂါသူရဲကောင်းများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည်။

လူမျိုးရေးခွဲခြားမှု၊ တိုင်းပြည်ကို ခွဲထုတ်ရန် ကြိုးပမ်းမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ဆာဝပ်ကို ၂၀၁၇ ခုနှစ်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နော်ဝေအခြေစိုက် အကျိုးအမြတ်မယူသော လူ့အခွင့်အရေးလှုံ့ဆော်ရေးအဖွဲ့ Uyghur Hjelp က ပြောကြားခဲ့သည်။

Uyghur Hjelp အဖွဲ့ကို ဦးဆောင်သောတက်ကြွလှုပ်ရှားသူ အက်ဒူဝါလီ အေရက်ပ်က စာရေးဆရာကြီး သေဆုံးကြောင်း သတင်းကို တစ်ဆင့်ကြားသိရပြီးနောက် Twitter တွင် အသိပေးခဲ့သည်။

ဆာဝပ်ကို လွန်ခဲ့သော ၂ လက အာဏာပိုင်များက ထောင်မှ ပြန်လွှတ်ပေးချိန်တွင် ကျန်းမာရေးမကောင်းကြောင်း ကြားသိခဲ့ရသည်ဟု အေရက်ပ်က  ပြောသည်။

သူ့ရဲ့ စာတွေမှာ တရုတ်အစိုးရမူဝါဒကို မြှောက်ပင့်ပြောဆိုတာမျိုးတွေ ကိုယ်ကျိုးအတွက် သူ့ဂုဏ် သိက္ခာကို ရောင်းစားတွေ ဘယ်တော့မှ မလုပ်ခဲ့ပါဘူးဟု ၎င်းက ထပ်မံ ပြောကြားသည်။

ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာရေးဆရာအသင်းမှ ဆာဝပ်အား ၁၉၈၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ပညာရှင် စာရေးဆရာအဖြစ် သတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required