တရုတ်က တောင်အာရှမှအမျိုးသမီးများကို ပစ်မှတ်ထားကာ သတို့သမီးအဖြစ် လူကုန်ကူးနေ

By ANI 
09 January 2023
တရုတ်က တောင်အာရှမှအမျိုးသမီးများကို ပစ်မှတ်ထားကာ သတို့သမီးအဖြစ် လူကုန်ကူးနေ

 

တရုတ်နိုင်ငံသားများသည် တောင်အာရှနှင့် အရှေ့တောင်အာရှမှ အမျိုးသမီးများကို ပစ်မှတ်ထားကာ သတို့သမီး အဖြစ် လူကုန်ကူးသည့် တရားမဝင်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

တရုတ်တွင် လူကုန်ကူးမှုအခြေအနေများကို ရှင်းပြထားသည့် အစီရင်ခံစာများစွာရှိကြောင်း စုံစမ်းစစ်ဆေး ဖော်ထုတ်သည့် သတင်းဌာနက Reportika က ဖော်ပြခဲ့သည်။

ကမ္ဘာ့ဒေသအသီးသီးတွင် လူမှောင်ခိုကူးမှုများ ဖြစ်ပွားနေသော်လည်း တရုတ်တွင် ယင်းလုပ်ငန်းထွန်းကားရ သည့် အကြောင်းရင်းများရှိနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရ၏ တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒနှင့် မိန်းကလေးနှင့် ယောက်ျားလေးခွဲခြား ရွေးချယ် ကိုယ်ဝန်ဖျက်ချမှု အလေ့အထကြောင့် နိုင်ငံ၏ အမျိုးသားနှင့်အမျိုးသမီး အချိုးအစားအပေါ် သက်ရောက်မှု ရှိခဲ့သည်။

အဓိကအားဖြင့် တရုတ်တွင် သတို့သမီး ရှားပါးလာမှုကြောင့် အခြားနိုင်ငံများမှ လူကုန်ကူးရခြင်း ဖြစ်သည်။

တရုတ်တွင် စီးပွားရေးဖွံ့ဖြိုးမှုအရှိန်မြန်ဆန်သဖြင့်  တစ်ဦးချင်းစီ၏ စီးပွားရေးကောင်းမွန်လာသောကြောင့်  ပွဲစားများသည် သတို့သမီးရှာဖွေပေးမှုအတွက် ငွေကြေးအမြောက်အများ ရရှိကြသည်။

"ကလေးတစ်ဦးမူဝါဒနှင့် ကျား/မ ရွေးချယ်ကိုယ်ဝန်ဖျက်ချမှုတို့ကြောင့် ကျေးလက်ဒေသတွင် အမျိုးသမီးများ ရှားပါးလာခဲ့ပြီး လူကုန်ကူးသည့်လုပ်ငန်းများအတွက် ရေပန်းစားသည့် နေရာဖြစ်လာခဲ့သည်" ဟု Reportika က ဖော်ပြခဲ့သည်။

ပေကျင်း၊ ရှန်ကျန့်နှင့် တုံးကွမ်မြို့တို့သည် ပြည့်တန်ဆာကျက်စားရာနေရာများဖြစ်လာခဲ့ပြီး လိင်ကျွန်အဖြစ် လူကုန်ကူးခံရသူများအတွက် ထင်ရှားသောဈေးကွက်များ ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly