တရုတ်သမ္မတက ဖိလစ်ပိုင်နှင့် ပြဿနာများကို ကောင်းမွန်စွာဖြေရှင်းရန် ကြိုးပမ်း

By Bangkok Post
09 January 2023
တရုတ်သမ္မတက ဖိလစ်ပိုင်နှင့် ပြဿနာများကို ကောင်းမွန်စွာဖြေရှင်းရန် ကြိုးပမ်း

 

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေးဆိုင်ရာဆွေးနွေးပွဲများ ပြန်လည်စတင်ရန်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာပြဿနာများကို နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ ကိုင်တွယ်သွားရန် အသင့်ဖြစ်နေပြီဟု သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီလ ၄ ရက်က ပြောကြားကြောင်း တရုတ်နိုင်ငံ ပိုင်ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ ရက်ကြာ တရားဝင်ခရီး လာရောက်သည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုများကြောင့် နှစ်နိုင်ငံ တင်းမာမှုများ ရှိနေချိန်တွင် သမ္မတ ဖာဒီနန်မားကို့စ်က တရုတ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ပိုင်ရှင်မဲ့နေရာများတွင် မြေယာဖော်ဆောင်ခြင်းများလုပ်ဆောင်နေကြောင်း Bloomberg သတင်းဌာနက ဒီဇင်ဘာတွင် ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံခြားရေးဌာနက အဆိုပါသတင်းသည် လုံးဝအခြေအမြစ်မရှိကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် နောက်ပိုင်းတွင် အငြင်းပွားရေပိုင်နက် စစ်အင်အားတိုးမြှင့်ချထားရန် အမိန့်ပေးခဲ့ပြီး ဒေသတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားစေမည့် လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရန် တရုတ်ကို တိုက်တွန်းခဲ့သည်။

ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ငါးသယံဇာတပေါကြွယ်ဝပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလီယံခန့် တန်ဖိုးရှိ သည့် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ ဖြတ်သန်းရာ ရေပိုင်နက်အား တရုတ်က ၎င်းတို့ ပိုင်ဆိုင်ကြောင်း နှစ်ပေါင်းများစွာ ကြေညာထားမှုကြောင့်  ဖိလစ်ပိုင်အပါအဝင် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံချို့ကြား တင်းမာမှုဖြစ်စေခဲ့သည်။

အငြင်းပွားရေပိုင်နက်အတွင်း တရုတ်ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တရုတ်သင်္ဘောများ ဝင်ရောက်မှုကြောင့် ဖိလစ်ပိုင်သည် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

ဖိလစ်ပိုင်သည် အမေရိကန်၏ ကာကွယ်ရေးမဟာမိတ်နိုင်ငံဖြစ်သော်လည်း ယခင်ခေါင်းဆောင် ရိုဒရီဂို ဒူတာတေးလက်ထက်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ရရှိရန်  တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက် အငြင်းပွားမှုမှ လက်ရှောင်ခဲ့သည်။

တရုတ်နိုင်ငံသည် အငြင်းပွားမှုမရှိသော ပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို ပူးပေါင်းရှာဖွေတူးဖော်ရန်၊ နေရောင်ခြည်နှင့် လေစွမ်းအင်အတွက် ဖိလစ်ပိုင်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရေထွက်ကုန်များတင်သွင်းမှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ရှီက ဖိလစ်ပိုင်သမ္မတအား ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရှိ တရုတ်ရင်းနှီးမြုပ်နှံမှုကို ထောက်ပံ့ရေးမှသည် အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံ၏ ကျေးရွာများ၊ စိုက်ပျိုးရေး နည်းပညာ၊ အခြေခံပညာရေး၊ မိုးလေဝသနှင့်အာကာသနှင့် ကာကွယ်ဆေးကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်ရေး  ဖွံ့ အကူအညီပေးရန်အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သမ္မတရှီက ကတိပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly