အမျိုးသမီးများပညာသင်ကြားခွင့်အပေါ် တာလီဘန်တို့၏ပိတ်ပင်မှုအား အမေရိကန်ရှိ အာဖဂန်များ ကန့်ကွက်ဆန္ဒပြ

By Devidscourse
09 January 2023
အမျိုးသမီးများပညာသင်ကြားခွင့်အပေါ် တာလီဘန်တို့၏ပိတ်ပင်မှုအား အမေရိကန်ရှိ အာဖဂန်များ ကန့်ကွက်ဆန္ဒပြ

 

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများပညာသင်ကြားခွင့်ကို မကြာသေးမီက ပိတ်ပင်မှုအား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အမေရိကန်နိုင်ငံသား အာဖဂန်များက  တာလီဘန်အစိုးရ၏ ရက်စက်ယုတ်မာသော  မူဝါဒကို ဆန့်ကျင်တိုက်ဖျက်ရန် ကတိပြုလိုက်ကြသည်။

‘‘မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့်အတွက် ဆန့်ကျင်တိုက်ပွဲဝင်ဖို့ ကျွန်မတို့ ဒီကို ရောက်လာတာပါ” ဟု အာဖဂန်ယဉ်ကျေးမှုအဖွဲ့အစည်းကိုယ်စားပြု ကယ်လီဖိုးနီးယားမှ ရိုင်ယန်ယာဆင်းနီကပြောသည်။  နိုင်ငံတစ်ဝန်းမှ အာဖဂန်-အမေရိကန်အများအပြားသည် ဇန်နဝါရီလ ၁ ရက်က အိမ်ဖြူတော်ရှေ့တွင် စုဝေးပြီး ဆန္ဒဖော်ခဲ့ကြသည်။

'တာလီဘန်တွေ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးကတည်းက မိန်းကလေးတွေ ပညာသင်ကြားခွင့် မရှိတော့ဘူး။ ဒီလိုမျိုး မဖြစ်စေချင်လို့ ကျွန်မတို့ ဒီကိုရောက်လာတာပါ” ဟု ယာဆင်းနီက ပြောကြားခဲ့သည်။

အာဖဂန်လူ့အဖွဲ့အစည်းဥက္ကဋ္ဌ နာဆီရာခန်းကလည်း နိုင်ငံအတွင်း မိန်းကလေးငယ်များအား ပညာသင်ကြားခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးရန် တာလီဘန်အစိုးရအား တိုက်တွန်းခဲ့သည်။ အာဖဂန်မိန်းကလေးများသည် ၎င်းတို့၏ ရပိုင်ခွင့်များ ရရှိရန်လိုအပ်သည်ဟု ဆိုသည်။

အိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အာဖဂန်-အမေရိကန်နိုင်ငံသား  ဟီမက်ဆိုရော့စ်က တာလီဘန်တွေဟာ မိန်းကလေးတွေကို ပညာသင်ကြားခွင့်ပိတ်ပင်ဖို့ အကွက်ချ လုပ်ဆောင်ခဲ့တာပါ။ အာဖဂန်ကို ကုလသမဂ္ဂကရော  တစ်ကမ္ဘာလုံးကပါ စောင့်ကြည့်နေပါတယ်” ဟု  ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly