အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ စစ်ဘေးရှောင်စခန်းသို့ အစားအသောက်များ သွားရောက်လှူဒါန်း

By ကိုရွှေမြိတ် (မဲဆောက်)
07 January 2023
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ စစ်ဘေးရှောင်စခန်းသို့ အစားအသောက်များ သွားရောက်လှူဒါန်း

မဇ္ဈိမ  (မဲဆောက်)။   ။စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လွတ်မြောက်နယ်မြေ တစ်ခုရှိ စစ်ဘေးရှောင် ဒေသခံ ၁၀၀ ကျော်ကို ဇန်နဝါရီလ ၇ ရက်နေ့တွင် အလှူရှင်များ၏ ပံ့ပို့မှုဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အာဟာရဒါနအဖြစ် ထမင်း နှစ်နှပ် ကြွေးခဲ့ကြောင်း ယင်းအဖွဲ့၏ ဦးဆောင်သူများထံမှ သိရသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူ တစ်ဦးက “ကျွန်တော်တို့က အများကြီး ကြွေးချင်တာပါ၊ ဒါပေမယ့် အလှူရှင်ရဲ့ အလှူငွေနဲ့ နိုင်သလောက်လေး ကြွေးရတာဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ အာဟာရဒါနကို ဇန်နဝါရီလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် တစ်ကြိမ်နှင့် ညနေ ၅ နာရီ အချိန်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ကြွေးမွေးခဲ့ကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် အလှူရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် စစ်ရှောင်စခန်းများကို အစားအသာက်နှင့် ဆေးဝါးများအပြင် အခြားသော လူ့အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးနေသည့် အဖွဲ့စည်း တစ်ခု ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အညာပစ်တိုင်းထောင်လေးများအဖွဲ့
#အာဟာရဒါန
#လှူဒါန်း
#ဆားလင်းကြီးမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required