ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၆၀၃ ရက်မြောက် ချီတက်ဆန္ဒပြ

By ကိုခင်မောင် (မဇ္ဈိမ)
07 January 2023
ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၆၀၃ ရက်မြောက် ချီတက်ဆန္ဒပြ

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်ရင်း ကျဆုံးသွားခဲ့သော အာဇာနည်သူရဲကောင်းများ၏ တစ်နှစ်နှင့် တစ်လပြည့် အလေးနီပြု ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဘန်နာနှင့် "သွေးမအေးတဲ့ ရွှေနွယ်သွေး" ဘန်နာတို့ကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၀၃ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သပိတ်စစ်ကြောင်း
#အာဏာရှင်ဆန့်ကျင်ရေး
#အကြမ်းဖက်စစ်ကောင်စီ
#ယင်းမာပင်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required