ပါကစ္စတန်တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် တရုတ်အင်ဂျင်နီယာများ မြို့တော်အစ္စလာမာဘတ်သို့ ပြောင်းရွှေ့ခဲ့ရ 

By ANI
08 January 2023
ပါကစ္စတန်တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် တရုတ်အင်ဂျင်နီယာများ မြို့တော်အစ္စလာမာဘတ်သို့ ပြောင်းရွှေ့ခဲ့ရ 

 

တရားမဝင်အဖွဲ့အဖြစ်ကြေညာခံထားရသော ပါကစ္စတန်တာလီဘန် ခေါ် တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့၏ လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်မှ တရုတ်အင်ဂျင်နီယာများကို ဇူလိုင် ၂၂ ရက်က အစ္စလာမာဘတ်သို့ ပြောင်းရွှေ့ခဲ့ရသည်ဟု Dawn သတင်းတွင် ဖော်ပြထားသည်။

မာလာခန်ဒေသတွင် ပြီးခဲ့သည့် နွေရာသီက TTP အဖွဲ့၏ တော်လှန်မှု ပြန်လည်ပေါ်ပေါက်လာခြင်းကြောင့် ခိုင်ဘာပက်ခ်တွန်ခဝါရှိ ရေအားလျှပ်စစ်စီမံကိန်း ၂ ခု၊ ဆွက်ခရိုင် ဂေါ်ကင်မာတီတန်ဧရိယာနှင့် ရှန်ဂလာခရိုင် ကိုရိုရာဒေသရှိ (၁၁ ဒသ၈ မဂ္ဂါဝပ်) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ  လအတော်ကြာ ဆိုင်းငံ့ထားကြောင်း တရားဝင်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
အဆိုပါ အင်ဂျင်နီယာများသည် အစ္စလာမာဘတ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ကတည်းက အလုပ်ရပ်နားထားကြောင်း စာတမ်းတစ်စောင်က ဖော်ပြခဲ့သည်ဟု Dawn သတင်းတွင် ဖော်ပြထားသည်။
ဆွက်၏ခရိုင်ရဲအရာရှိက ခရိုင်အတွင်း လုံခြုံရေးအခြေအနေဆိုးရွားမှုကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် အလုပ်လုပ်နေသော တရုတ်အင်ဂျင်နီယာများအား လုပ်ငန်းရပ်ဆိုင်းရန်အမိန့်ပေးပြီးနောက် ဂေါ်ကင်မာတီတန်   စီမံကိန်းရပ်တန့်သွားကြောင်း Dawn သတင်းဌာနက ရရှိသော စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ 
တရုတ်အင်ဂျင်နီယာများကို လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် စီမံကိန်းနောက်ဆုံးရက်မတိုင်မီ ၁ လခန့်အလိုဖြစ်သော ယမန်နှစ် မေလ ၂၀ ရက်ကတည်းက ကာရိုရာစီမံကိန်းတွင် လုပ်ဆောင်နေသည့် လုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း အခြားစာရွက်စာတမ်းတစ်ခုက ဖော်ပြခဲ့သည်။
“ကိုရိုရာ စီမံကိန်းတွင် လုပ်ဆောင်နေသည့် တရုတ်အင်ဂျင်နီယာများသည် လုံခြုံရေးအေဂျင်စီများ၏ ညွှန်ကြားချက်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစပြီး ၇ ကြိမ်ထက်မနည်း လုပ်ငန်းရပ်ဆိုင်းလိုက်ရကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
လုံခြုံရေးအခြေအနေနှင့် စီမံကိန်းလုပ်ဆောင်မှုများ နှောင့်နှေးခြင်းသည် ပြည်နယ်အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုဖြစ်စေကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စွမ်းအင်နှင့်လျှပ်စစ်စွမ်းအင်ဝန်ကြီး နီဆာအာမစ်ခန်းသည် ဇန်နဝါရီ ၂ ရက်က အစည်းအဝေး တစ်ရပ်ဦးဆောင်ကျင်းပခဲ့ကာ ရူပီးဘီလီယံပေါင်းများစွာတန်ဖိုးရှိ ရေအားလျှပ်စစ်စီမံကိန်းများ အချိန်မီပြီးစီးရေးအတွက် ပေါင်းစပ်မဟာဗျူဟာတစ်ရပ်ကို ချမှတ်ရန် လုံခြုံရေးအေဂျင်စီများအား ညွှန်ကြားခဲ့သည်ဟု The Nation က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသားများသည် ပါကစ္စတန်ရှိ အကြမ်းဖက်အုပ်စုအမျိုးမျိုး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး မကြာသေးမီက တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။ ဂွာဒါတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ကြီးထွားလာခြင်းသည် အဓိကကျသော တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများ၏ တိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။
ထို့အပြင် TTP သည် ပါကစ္စတန်နှင့် အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီးနောက် ပါကစ္စတန်တွင် အထူးသဖြင့် ခိုင်ဘာပက်ခ်တွန်ခဝါနှင့် ဘလိုချီစတန်ပြည်နယ်တို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required