ဂျပန်နှင့်တရုတ်လွှတ်တော်အမတ်များအကြား ဆက်ဆံရေး ဆုတ်ယုတ်လာ

By Japan times
07 January 2023
ဂျပန်နှင့်တရုတ်လွှတ်တော်အမတ်များအကြား ဆက်ဆံရေး ဆုတ်ယုတ်လာ

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တရုတ်၏ ဗိုလ်ကျစိုးမိုးသည့် လုပ်ရပ်များကြောင့် မကြာသေးမီနှစ်များအတွင်း ဂျပန်နှင့် တရုတ်လွှတ်တော်အမတ်များအကြား ဆက်ဆံရေးမှာ ဆုတ်ယုတ်လာသည်။ 

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၅၀ ပြည့်သည့် ၂၀၂၂ခုနှစ်တွင် လွှတ်တော်အမတ်များ အပြန်အလှန် လာရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။
“ဂျပန်နှင့်တရုတ်လွှတ်တော်အမတ်တွေကြား အပြန်အလှန်ဆက်ဆံရေးအခန်းကဏ္ဍက အလွန်အရေးကြီးပါ တယ်” ဟု ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး မိုတဲဂီက ဒီဇင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
LDP အကြီးတန်းအဖွဲ့ဝင်များ၊ ယင်း၏ Komeito ညွန့်ပေါင်းပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ ပါဝင်သော ဂျပန်-တရုတ်အာဏာရပါတီ အပြန်အလှန်ဖလှယ်ရေးကောင်စီ၏ အနာဂတ်နှင့်ပတ်သက်၍ မိုတဲဂီက သီးခြားမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ယခုအချိန်အထိ LDP ၏ အထွေထွေအတွင်းရေးမှူး၊ မူဝါဒရေးရာအကြီးအကဲများနှင့် ဂျပန်ဘက်မှ Komeito  ပါတီဝင်များတက်ရောက်သည့် ကောင်စီအစည်းအဝေးကို ၈ ကြိမ် ကျင်းပပြီးဖြစ်သည်။
"အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရင်း အမတ်တွေရဲ့ဆက်ဆံရေးကို တိုးမြှင့်သွားမှာပါ" ဟု မိုတဲဂီက ပြောကြား ခဲ့သည်။
အချို့သော LDP ပါတီဝင်များက ဂျပန်-တရုတ် ဆက်ဆံရေးကို မြှင့်တင်ရန် တောင်းဆိုနေကြသည်။ “အခု အချိန်က တရုတ်နဲ့ နီးစပ်တဲ့သူတွေ အသံပြုရမယ့်အချိန်ပါပဲ” ဟု ဂျပန်ဝန်ကြီးဟောင်းတစ်ဦးက ပြောကြား ခဲ့သော်လည်း ထိုသို့သော သဘောထားများသည် မကြာခဏ တိမ်မြုပ်ပျောက်ကွယ်သွားတတ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly