ဆားလင်းကြီးမြို့နယ် ဘင်္ကါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

By လွှမ်းမိုး (မဇ္ဈိမ)
06 January 2023
ဆားလင်းကြီးမြို့နယ် ဘင်္ကါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

မဇ္ဈိမ။     ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ဘင်္ကါးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီ အချိန်မှစတင်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“အင်အား ၁၀၀ လောက်က ညက ကျမတို့ ရွာကို ရောက်လာတယ်။ ညပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာမျိုးတွေ လုပ်တယ်။ ကျမတို့ ရွာကိုတော့ ဒီကနေ့ နံနက်ခင်းမှာ စပြီးမီးရှို့နေတယ်။ မီးတောက်ကြီးတွေက အမြင့်ကြီးတွေတက်လာတယ် ။ ရွာအထက် ကောင်းကင်မှာက မီးခိုးလုံးတွေ တလိတ်လိတ်တက်နေတာကို အဝေးကနေ လှမ်းမြင်နေရတာ ။ ကိုယ့်အိမ် ကိုယ့်ရွာကို မီးရှို့နေတာ အဝေးကနေ လှမ်းကြည့်နေရုံပါပဲ” ဟု လုံခြုရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျောက်မှော် ၊ ပိုင်းတောင်ကြီး ၊ မယ်ဇလီကန် ၊ ထန်းပု ၊ထန်းဇင် ၊ဘင်္ကါး ၊ဖောင်းကတာ ၊ နတ်ကျွန်း ၊နတ်စက် ၊သဲကောကြီး နှင့် ဝဲကွဲ စသည့်ကျေးရွာများမှ လူဦးရေ ၈,၅၀၀ ခန့် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။   ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required